သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှု ဥရောပပါလီမန် ရှုတ်ချ


ဥရောပ ပါလီမန်မြင်ကွင်း။ (ဇူလိုင် ၅၊ ၂၀၁၆)
ဥရောပ ပါလီမန်မြင်ကွင်း။ (ဇူလိုင် ၅၊ ၂၀၁၆)

မြန်မာနိုင်ငံက မူဆလင်လူနည်းစုတွေ အထူးသဖြင့် ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုရှိတာ၊ Bahrain နိုင်ငံက ဒီမိုကရေစီ အခြေခံ ရပိုင်ခွင့် တွေကို ကန့်သတ်နေတာနဲ့ Malawi နိုင်ငံက Albino လို့ခေါ်တဲ့ အရေပြားဖြူ ရောဂါရှင်တွေ ကို ခွဲခြားဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွါးနေ တာတွေနဲ့ ပါတ်သက်ပြီး ရှုံ့ချကြောင်း အဆိုပြုချက် ၃ ခုကို ကြာသပတေးနေ့မှာ ဥရောပ ပါလီမန်မှာ မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲကနေ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တခဲနက် အနိုင်ရခဲ့ပြီး ၁၉၆၂ ခုနှစ်က စလို့ စစ်တပ်က မဟုတ်တဲ့ သမ္မတ ပထမဆုံးအကြိမ် တက်လာတာကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးတာအတွက် ဥရောပ ပါလီမန် အမတ်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် လူနဲစု တချို့အပေါ် ဆက်လက် ဖိနှိပ်မှုတွေ ရှိနေတာအတွက် စိုးရိမ်ကြောင်း အလေးထားပြောကြားခဲ့ပြီး ဒီကိစ္စကို ချက်ခြင်း အဖြေရှာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အရှေ့တောင်အာရှဒေသက ရိုဟင်ဂျာတွေအရေးနဲ့ ပါတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဥရောပ ပါလီမန်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒီမူစလင် ဘာသာဝင် လူနည်းစု တသန်းလောက်ဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်အခံရဆုံး လူနဲစုတွေထဲက တစုဖြစ်ပြီး သူတို့ဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပေါ်ထွက်လာချိန်ကစလို့ တရားဝင်နိုင်ငံမဲ့ သူတွေ ဖြစ်လာသလို သူတို့ကို မြန်မာအာဏာပိုင်တွေကရော အိမ်နီးချင်းနိုင်ငံတွေကပါ လက်မခံချင်ကြကြောင်းနဲ့ သူတို့ရဲ့ အလွန်စိုးရိမ်စရာ အခြေနေအတွက် အရေးပေါ် အကူအညီပေးဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည် စခန်း ၈၀ ကျော်က ရိုဟင်ဂျာ တသိန်း ၂ သောင်း လောက်ဆီကို ကုလသမဂ္ဂ၊ လူ့အခွင့်ရေး လှုပ်ရှားသူတွေ၊ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ တခြားနိုင်ငံတကာ စောင့်ကြည့် သူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ ဥရောပ ပါလီမန် အမတ်တွေက တိုက်တွန်းခဲ့သလို မြန်မာအစိုးရအနေနဲ့ ဘာသာရေး အမုန်ပွါးအောင် လုပ်ဆောင်မှုအားလုံးကို ရှုံ့ချဖို့နဲ့ သူတို့ကို ခွဲခြားဆက်ဆံမှု မလုပ်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG