သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်


(Credit: MOI)
(Credit: MOI)

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲနဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲကို တက်ရောက်နေပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ အစည်းဝေးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။

စည်းဝေးပွဲအတွင်း အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် စာချုပ် ၂၀၁၃ - ၂၀၁၇ အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကို ပြန်လည် သုံးသပ်ခြင်းနှင့် အရှေ့တောင် အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် စာချုပ်ဆိုင်ရာ နောက်ဆက်တွဲ အခြေပြ စာချုပ် ဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတာပါ။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အာဆီယံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲပွဲမှာတော့ - လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့ အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင်က တင်ပြထားတဲ့ ၂၀၁၆ ခုနှစ်အတွက် နှစ်စဉ် အစီရင်ခံစာကို ပြန်လည်သုံးသပ်ခြင်း၊ ဒုတိယ အကြိမ်မြောက် ၅ နှစ် လုပ်ငန်း စီမံချက်ဖြစ်တဲ့ ၂၀၁၆- ၂၀၂၀ ခုနှစ်အကြားက လုပ်ငန်းစဉ်တွေနဲ့ ၂၀၁၆ခုနှစ် အာဆီယံ လူ့အခွင့် အရေး ကော်မရှင်ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေ၊ လှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့ကြတာပါ။

စည်းဝေးပွဲ ပြင်ပမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၊ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးတို့အပြင် ဗီယက်နမ် ဒုတိယဝန်ကြီးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Pham Binh Minh တို့နဲ့လည်း စည်းဝေးပွဲ ပြင်ပမှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG