သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ရုရှားလေကြောင်းတိုက်ခိုက်မှု ညွန့်ပေါင်းတပ်တွေကူ


ရုရှားတိုက်လေယာဉ်ကနေ ဆီးရီးယားကို ဗုံးကျဲနေပုံ
ရုရှားတိုက်လေယာဉ်ကနေ ဆီးရီးယားကို ဗုံးကျဲနေပုံ

အီရန်နိုင်ငံလေတပ်စခန်းတခုကတဆင့် Russia ဗုံးကြဲလေယာဉ်တွေ ဆီးရီးယားကိုသွားပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ အီရတ်နဲ့ ဆီးရီးယားက IS စစ်သွေးကြွတွေကိုတိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက လမ်းရှင်းပေးထားပါတယ်။

အီရတ်လေကြောင်းနယ်နိမိတ်ကို ဖြတ်သွားမယ့် Russia ရဲ့ လှုပ်ရှားမှုအတွက် Russia က အကြောင်းကြားခဲ့တယ်လို့ ညွန့်ပေါင်းတပ်များရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး Chris Garver က Baghdad မြို့တော်ကနေ သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

လေယာဉ်တွေရဲ့ လုံခြုံရေးအတွက် လွန်ခဲ့တဲ့ လတွေတုန်းက အမေရိကန်နဲ့ Russia ကြား ၂ ဖက် နားလည်မှုစာချွန်လွှာအရ Russia တိုက်လေယာဉ်တွေ ဆီးရီးယားပြစ်မှတ်တွေကို တိုက်ဖို့သွားတဲ့အခါ ဝေဟင်နယ်နိမိတ်ထဲမှာ မှားပြီး မပြစ်မိအောင် အသိပေးတာဖြစ်တယ်လို့ သူကပြောပါတယ်။

အီရန်နိုင်ငံထဲမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတခုကနေ Russia လေယာဉ်တွေ ထွက်ခွာပြီး ဆီးရီးယားနိုင်ငံထဲက IS ပြစ်မှတ်တွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို ပထမဆုံးလုပ်ခဲ့တယ်လို့ Russia နိုင်ငံက အင်္ဂါနေ့ အစောပိုင်းတုန်းက ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG