သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရိုသစ်ဖွင့်လှစ်


အမေရိကန်ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးဌာန၊ စက်တင်ဘာ ၆၊ ၂၀၁၆
အမေရိကန်ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးဌာန၊ စက်တင်ဘာ ၆၊ ၂၀၁၆

အမေရိကန်ပြည်ထောင်စုမှာ လူဦးရေသန်း ၂၀ ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေခိုးယူခံရတဲ့ လုံခြုံရေးကျိုးပေါက်မှု နဲ့ အလုပ်တွေ မပြီးပြတ်ဘဲ အများကြီးစုပုံနေတဲ့ နောက်ကြောင်းရာဇဝင်ရှင်းမရှင်း စုံစမ်းစစ်ဆေးမှုတွေကို အားကောင်းလာအောင် ရည်ရွယ်ပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးဌာနသစ်တခုကို အောက်တိုဘာလ ၃ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းမယ့် နောက်ကြောင်းရာဇဝင် ရှင်းမရှင်း အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရို (NBIB) ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစည်းထားမှာဖြစ်ပြီး အင်တာနက်နဲ့ ပတ်သက်တဲ့အချက်အလက်ကွန်ရက်ကို ထိန်းချုပ်မှာဖြစ်ပါတယ်။

ဒီစုံစမ်းစစ်ဆေးရေး ဗြူရိုရဲ့ ပထမဆုံး ဒါရိုက်တာ Charles Phalen ဟာ စနေနေ့မှာသူ့ရဲ့ လုပ်ငန်းတာဝန်ကို စတင်မှာဖြစ်ပြီး သူဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) မှာ ဌာနရဲ့ လုံခြုံရေးဒါရိုက်တာအဖြစ်နဲ့ နှစ် ၃၀ ကြာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူအခုနောက်ဆုံးလုပ်ခဲ့တာကတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ Northrop Grumman ရဲ့ ကုမ္ပဏီလုံခြုံရေးဆိုင်ရာ ဒု-ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

သူ့အတွက် ပထမဦးစားပေးလုပ်ငန်းကတော့ အမေရိကန်အစိုးရဌာနအတွင်းမှာ မပြီးသေးပဲ ပုံနေတဲ့ နောက်ကြောင်းရာဇဝင် ရှင်းမရှင်း စုံစမ်းစစ်ဆေးဖို့ရှိနေတာတွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ သူက သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောပါတယ်။

ထိပ်တန်းလျှို့ဝှက်ချက်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး နဂိုကရက် ၁၇၀ လောက်ကြာအောင် အချိန်ယူခဲ့တာကို ရက် ၈၀ လောက်နဲ့ ပြီးပြတ်အောင်လုပ်သွားဖို့ ရည်မှန်းထားတယ်လို့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG