သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ကျ ပင်နယ်လ်တီနဲ့ လီဗာပူးလ် အနိုင်ရ


ပရီးမီးယားလိဂ်ဘောလုံးပွဲ၊ အောက်တိုဘာ 1၊ ၂၀၁၆
ပရီးမီးယားလိဂ်ဘောလုံးပွဲ၊ အောက်တိုဘာ 1၊ ၂၀၁၆

ဒီတပတ် အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေမှာတော့ လီဗာပူးလ်က ဆွမ်စီးကို ပွဲပြီးခါနီးမှာရတဲ့ ပယ်နယ်တီ နဲ့ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ဆွမ်စီးက ၈ မိနစ်မှာ ဂိုးအရင်သွင်းခဲ့ပြီး၊ လီဗာပူးလ်အတွက် ချေပဂိုးကို Firmino က ၅၄ မိနစ်မှာ သွင်းယူခဲ့ပြီး၊ အနိုင်ဂိုးကိုတော့ ဂျိမ်းစ်မီလ်နာက ၈၄ မိနစ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။

သောကြာနေ့က ကစားတဲ့ အဲဗာတန် နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ပွဲမှာတော့ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ အဲဗာန်တန်အတွက် ဂိုးကို လူကားကူးက ၃၅ မိနစ်မှာ သွင်းယူခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုးကိုတော့ ဘန်တီကီက မိနစ် ၅၀ မှာ ပြန်ချေပခဲ့ပါတယ်။

ဒီကနေ့ ကျန်တဲ့ပွဲစဉ်တွေမှာတော့ ဝက်တ်ဖို့ဒ် နဲ့ ဘုန်းမောက်၊ ဟားလ်စီးတီး ချယ်ဆီး၊ ဝက်စ်ဟမ်း နဲ့ မစ်ဒယ်လ်ဘရာ၊ ၊ ဆန်းဒါးလန်း နဲ့ ဝက်စ်ဘရွန်တို့ ကစားနေကြပါတယ်။

ဒီသတင်းနဲ့ တစပ်တည်းမှာပဲ၊ အာဆင်နယ်နည်းပြ Arsene Wenger ကတော့ - အာဆင်နယ်နည်းပြကနေ အနားယူတဲ့အခါမှာ အင်္ဂလန်နည်းပြနေရာကို စဉ်းစားလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG