သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဒူတာတေး မူးယစ်နှိမ်နင်းမှု နိုင်ငံတကာခုံရုံး တရားစွဲနိုင်


ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ။ (အလယ်)
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ။ (အလယ်)

ဖိလစ်ပိုင်အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှုအတွင်း တရားလွန် အခွင့်အာဏာသုံးပြီး လူတွေ ထောင်ချီ သတ်ဖြတ်ခဲ့သူတွေအပေါ် နိုင်ငံတကာ တရားရုံး ICC အနေနဲ့ တရားစွဲဆိုသွားနိုင်ခွင့် ရှိတယ်လို့ ICC ကိုယ်စားပြု အကျိုးဆောင်ရှေ့နေ Fatou Bensouda က က ပြောလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte အာဏာရလာကတည်းက မူးယစ်ဆေးနဲ့ ပါတ်သတ်သူတွေကို နှိမ်နင်းလာတာမှာ လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့ပြီး အဲဒီထဲက ၁၅၀၀ လောက်ဟာ မူးယစ်ဆေးနဲ့ ပါတ်သတ်တဲ့ သံသယရှိခံရသူတွေဖြစ်ပါတယ်။

အဲဒီလို အသတ်ခံရမှုတွေ တခါ ဖိလစ်ပိုင်အာဏာပိုင်တွေအနေနဲ့လည်း သတ်ဖြတ်မှုတွေအပေါ် လစ်လျူရှုထားပုံရတာကြောင့်အထူး စိုးရိမ်ကြောင်း ICC ရှေ့နေ Bensouda က ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံဟာ ICC ကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာတာကြောင့် အရပ်သားတွေအပေါ် စနစ်တကျ တိုက်ခိုက်ကျူးလွန်မှုတွေ ရှိလာလျင် ICC အနေနဲ့ စွဲချက်တင်နိုင်ကြောင်းလည်း သူက ပြောပါတယ်။

သမ္မတ Duterte ရဲ့ ပြန်ကြားရေးအရာရှိ Martin Andanar ကတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်လာရင် သမ္မတက သူ့အနေနဲ့ တာဝန်ယူဖြေရှင်း သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားကြောင်းနဲ့သေဆုံးသူအများစုဟာ ရဲတွေရဲ့ မူးယစ်ဆေးနှိမ်နင်းမှု လုပ်ပိုင်ခွင့် ဘောင်အတွင်းက သာဆောင်ရွက်ရင်း သေဆုံးတာဖြစ်ကြောင်း ဒီကနေ့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG