သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းက ပြည်သူတွေကို အကျိုးဖြစ်စေနိုင်မလား


ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ Barack Obama တို့ စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၆ နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ Barack Obama တို့ စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၆ နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို သမ္မတ Barack Obama က အောက်တိုဘာလ (၇) ရက်နေ့မှာ လက်မှတ်ထိုးပြီး တရားဝင် ပြန်လည် ရုပ်သိမ်းပေးလိုက်တာဟာ မြန်မာပြည်သူလူထု အများစုအတွက် တကယ် အကျိုးပြုနိုင်တဲ့ ခြေလှမ်းတခုအဖြစ် သူ့အနေနဲ့ မယူဆကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန် ရုပ်သိမ်းပေးလိုက်တဲ့ အပေါ် အမြင်သဘောထားတွေ အမျိုးမျိုး ကွဲပြားနေပေမယ့်လည်း ဒီ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့အတွက် နိုင်ငံတောာ် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က အမေရိကန်နိုင်ငံကို ရောက်ရှိစဉ်မှာ သမ္မတ အိုဘားမား အစိုးရကို တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပေးလိုက်တဲ့အပေါ် ဒေါက်တာ ရန်မျိုးသိမ်းရဲ့ အမြင်သဘောထားတွေကို ကိုဇော်ဝင်းလှိုင်က အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG