သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနိုင်ငံ Haifa မြို့မှာ ၄ ရက်ဆက် မီးလောင်


အစ္စရေးနိုင်ငံ Haifa မြို့မှာ ၄ ရက်ဆက် မီးလောင်။
အစ္စရေးနိုင်ငံ Haifa မြို့မှာ ၄ ရက်ဆက် မီးလောင်။

အစ္စရေးနိုင်ငံရဲ့တတိယအကြီးဆုံးမြို့ Haifa မှာ လောက်ကျွမ်းတဲ့မီးတွေကို မီးသတ်သမားတွေက ဒီကနေ့ ငြှိမ်းသတ် ထိန်းချုပ်နိုင်ခဲ့ပေမယ့် လည်း နိုင်ငံ တဝှမ်း နေရာ တဒါဇင်လောက်မှာ လောင်ကျွမ်းနေတဲ့မီးတွေကို ဒီကနေ့ လေးရက်မြောက်နေ့ မှာ ဆက်လက် ငြှိမ်းသက်နေ ပါတယ်။ သောင်းဂဏန်းရှိတဲ့ Haifa မြို့ခံတွေကို အခုအခါမှာ ဘေးကင်းရာ ကို ရွှေ့ပြောင်းပေးထားသလို ခြောက်သွေ့ပြီး လေ တိုက်တာကြောင့် မီးပြန်လောင်မှာကို စိုးရိမ်ပြီး လုံခြုံရေးရဲတွေနဲ့ မီးသတ်သမား အများပြားကို အစောင့်အကြပ် ချထားပါတယ်။

နိုင်ငံအတွင်းဒေသတွေမှာ ခြောက်သွေ့မှု လွန်ကဲနေတာကြောင့် မီးဆက်လက် လောင်ကျွမ်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် လူ ဒါဇင်အတော်များများဟာ မီးခိုးငွေ့တွေ ရှုရှိုက်မိတာကြောင့် ဆေးရုံတင် ကုသပေးခဲ့ရပါတယ်။

အခုလို ဆိုးရွားနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ လုံခြုံရေးရဲတွေနဲ့ မီးသတ်သမားတွေကို အင်အားဖြည့်တဲ့အနေနဲ့ စစ်မှုထမ်းဟောင်းတွေကို အစ္စရေးအစိုးရက ကြာသပတေးနေ့မှာ ပြန်လည် ဆင့်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံ အတော်များများက စေလွှတ်လိုက်တဲ့ မီးသတ်လေယာဉ်ပျံတွေကိုလည်း အသုံးပြုခဲ့ပါတယ်။

နိုင်ငံတဝှမ်းမှာ မီးရှို့ခဲ့တယ်လို့ သံသယရှိထားသူ ၁၂ ဦးကို အစ္စရေးရဲတွေက အခုအခါမှာ ဖမ်းဆီးလိုက်ပြီး အစ္စရေးလုံခြုံရေးအေဂျင်စီ Shin Bet က အဲဒီလူတွေ မီး ဘယ်လိုရှို့ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ Jerusalem Post သတင်းစာမှာ ရေးသားဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG