သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရေတပ်ပိုင် Drone တရုတ်ဖမ်းဆီး


အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ ရေငုပ် Drone ယာဉ်။ Drone underwater ( United States Navy's USS Grapple)
အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ ရေငုပ် Drone ယာဉ်။ Drone underwater ( United States Navy's USS Grapple)

တောင်တရုတ်ပင်လယ်ပြင်တွင်းက နိုင်ငံတကာရေပိုင်နက်မှာ အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ ရေငုပ် Drone ယာဉ်တစင်းကို တရုတ်ရေတပ်က ဖမ်းဆီးလိုက်ပါတယ်။ မောင်းသူမဲ့ယာဉ်ကို အမြန်ဆုံး ပြန်လည်ပေးအပ်ဖို့နဲ့ အလားတူ လုပ်ရပ်မျိုး နောက်ထပ်မလုပ်ဖို့ တောင်းဆိုနိုင်အောင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က သံတမန်နည်းလမ်းတွေနဲ့ ကြိုးစားနေပါတယ်။

ရေငုပ် Drone ယာဉ်ဟာ မောင်းသူမဲ့ယာဉ် ဖြစ်ပေမဲ့လည်း အမေရိကန်ရေတပ်ပိုင် အကာအကွယ်ပေးရမယ့်ယာဉ်အဖြစ်သတ်မှတ်ပါတယ်။ အခုလုပ်ရပ် ဟာ နိုင်ငံတကာဥပဒေတွေနဲ့ မညီဘူးလို့လည်း ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့် ရသူ ရေတပ်ဗိုလ်မှူး Jeff Davis က ပြောဆိုခဲ့တာပါ။ တရုတ်စစ်တပ်ရဲ့ လုပ်ရပ်ဟာ ကျင့်ဝတ်သိက္ခာနဲ့မညီညွတ်ဘူးလို့ သူကပြောပါတယ်။

အရပ်ဘက်က ထိန်းချုပ်မောင်းနှင်တဲ့ ရေတပ်ပိုင် သမုဒ္ဒရာလေ့လာရေးယာဉ် တစင်းဟာ ဖိလစ်ပိုင်နိုင်ငံ ဆူးဘစ်ပင်လယ်အော်ကနေ ၉၃ ကီလိုမီတာလောက် အကွာ ရေပြင်အောက်မှာ စက်ရပ်ပြီး ရောက်ရှိနေ တဲ့ မောင်းသူမဲ့ ရေငုပ် Drone ယာဉ် ၂ စင်းကို ပြန်လည်ဆယ်ယူနိုင်ဖို့ ကြိုးစားနေစဉ် ကြာသပတေးနေ့မှာပဲ တရုတ်ရေတပ်သင်္ဘော ချဉ်းကပ်ရောက်ရှိလာခဲ့ကြောင်းလည်း ပင်တဂွန်ပြောခွင့်ရက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တရုတ်ရေတပ်က DALANG-III အမျိုးအစား၊ ရေယာဉ်အမှတ် ASR-510 ဟာ ရေယာဉ်ငယ်တစင်းကို ရေထဲစေလွှတ်ပြီး၊ စက်ရပ်နေတဲ့ အမေရိကန် ရေငုပ် Drone ယာဉ်သင်္ဘောငယ်တစင်းကို သိမ်းဆည်းသွားခဲ့ပြီး၊ ကျန်တစင်းကိုတော့ အမေရိကန်ရေတပ်သင်္ဘောက ဆယ်ယူနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG