သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီဗုံးပေါက်ကွဲမှု ၁၃ ဦးထက်မနည်းသေ


တူရကီနိုင်ငံက ကားဗုံးကွဲမှုမှာ ဒဏ်ရာရသူကို အရေးပေါ်ယာဉ်ဆီသယ်ဆောင်။ ၁၇ ဒီဇင်ဘာ၊ ၂၀၁၆။
တူရကီနိုင်ငံက ကားဗုံးကွဲမှုမှာ ဒဏ်ရာရသူကို အရေးပေါ်ယာဉ်ဆီသယ်ဆောင်။ ၁၇ ဒီဇင်ဘာ၊ ၂၀၁၆။

တူရကီနိုင်ငံအလယ်ပိုင်း Kayseri မြို့က ဘတ်စ်ကားတစင်းဘေးမှာ ကားဗုံးပေါက်ကွဲမှု တခုဖြစ်ပွါးခဲ့တာကြောင့် စစ်သား ၁၃ ဦးထက် မနည်း သေဆုံးပြီး ၅၅ ဦးဒဏ်ရာရသွားပြီး အများစုက တူရကီစစ်တပ်ကဖြစ်တယ်လို့ စစ်ဘက်ရင်းမြစ်တွေကပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၆ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရပ်သား သေဆုံးမှုလည်း ရှိနိုင်တယ်လို့ အဲ့ဒီရင်းမြစ်က ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် တာဝန်ချိန်ပြီးသွားတဲ့ စစ်သားတွေကို တင်လာတဲ့ ဘတ်စ်ကားလည်း ပျက်စီးသွားပါတယ်။ တက္ကသိုလ်ဝင်းတခုအနီးမှာ ပေါက်ကွဲမှု ဖြစ်ပါွးခဲ့တာပါ။ ပေါက်ကွဲရေးပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့ကားဘေးကို စစ်သားတွေတင်လာတဲ့ဘတ်စ် ကားဖြတ်သွားတဲ့အချိန်မှာပဲ ဗုံးပါက်ကွဲသွားတာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီပေါက်ကွဲမှုရဲ့ လက်သည်အဖြစ် ဘယ်သူကမှ ချက်ချင်းထုတ်မပြောသေးပါဘူး။ ဒါပေမယ့်လည်း ဒီပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းတရားမဝင် ကာဒစ္စတန် အလုပ်သမားပါတီ(PKK) တို့ရဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ သိပ်တူတယ်လို့ ဒုတိယဝန်ကြီးချုပ် Veysi Kaynak ကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြို့တော် Istanbul က ဘောလုံးကွင်းတခုမှာ PKK တို့က ဗုံးနှစ်လုံးဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၄၄ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG