သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကို ကမ္ဘာတဝှမ်းကြိုဆို


သြစတေးလျ မှာ နှစ်သစ်ကူးကြိုဆို။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၆)
သြစတေးလျ မှာ နှစ်သစ်ကူးကြိုဆို။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၆)

၂၀၁၇ ခုနှစ်ကို ကြိုဆိုတဲ့ နှစ်သစ်ကူးပွဲတော်တွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့တဝှမ်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပနေကြတာမှာ ကျနော်တို့ အခု အသံလွှင့်နေတဲ့အချိန်မှာတော့ နယူးဇီလန်နဲ့ သြစတေးလျနိုင်ငံတွေမှာ ၂၀၁၇ ခုနှစ် နှစ်သစ်ကို ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ တော့ ကမ္ဘာ့အရှေ့ဖျားအာရှနိုင်ငံတွေဖြစ်ကြတဲ့ဂျပန်၊ ဟောင်ကောင်စတဲ့ နိုင်ငံတွေမှာလည်း နှစ်သစ်ကိုပျော်ရွှင်စွာ ကူးပြောင်းကြတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ ၂၀၁၇ နှစ်သစ်ကူးကြိုဆိုပွဲတွေကို စတင်ကျင်းပနေတဲ့ တချိန်တည်းမှာပဲ၊ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် ကမ္ဘာ့မြို့ကြီးအတော်များများမှာလည်း လုံခြုံရေးတွေ အထူးတင်းတင်းကြပ်ကြပ်ချထားပါတယ်။ အကြမ်းဖက်သမားတွေက သြစတြေးလျအပါအဝင် ကမ္ဘာမြို့ကြီးအတော်များများကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေပေမယ့်လည်း အာဏာပိုင်တွေကတော့ ပုံမှန်အတိုင်းနှစ်သစ်ကူးပွဲကို ဆင်နွဲကြဖို့ သြစတြေးလျပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံက နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကားကျင်းပသွားဖို့ အစီအစဉ်မရှိဘဲ တချို့နေရာတွေမှာ မီးရှုးမီးပန်းပစ်ဖောက်တာတွေ မလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားပါတယ်။ ဘေဂျင်းမြို့က လူစည်းကားတဲ့မြို့လယ်ခေါင်နေရာတွေမှာ မီးရှုးမီးပန်းတွေပစ်ဖောက်တာမလုပ်ကြဖို့ ၊လူစည်ကားတဲ့နေရာတွေကို ရှောင်ဖို့၊ ထွက်ပေါက်တွေကို ရှာထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတော့ - လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပြီး ရဲတပ်ဖွဲ့ဝင် ၇ ထောင်နဲ့ အတူ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့တွေ၊ ဗုံးရှာခွေးတွေကိုလည်း ချထားပါတယ်။ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ လုပ်မယ့် နှစ်သစ်ကူး ကြိုတဲ့ Countdown ခလုတ်ကို ဒီနှစ်မှာတော့ ရာထူးကနေ အနားယူတော့မယ် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက နှိပ်သွားမှာဖြစ်ပါတယ်။

နှစ်သစ်ကို ကမ္ဘာတဝှမ်းကြိုဆို
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG