သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကိစ္စ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိ


အပျက်အစီးပုံဘေးမှ ဆီးရီးယားသူပုန်တပ်ဖွဲ့ဝင်များ။(ဒီဇင်ဘာ ၃၀၊ ၂၀၁၆)
အပျက်အစီးပုံဘေးမှ ဆီးရီးယားသူပုန်တပ်ဖွဲ့ဝင်များ။(ဒီဇင်ဘာ ၃၀၊ ၂၀၁၆)

ရုရှားနဲ့ တူရကီနိုင်ငံတို့ ကြားဝင်ဆောင်ရွက်ပေးထားတဲ့ ဆီးရီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အတည်ပြုမယ့် ပြဌာန်းချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲပေးဆုံးဖြတ်ကြဖို့ရှိပါတယ်။ ငြိမ်းချမ်းရေးလမ်းပြမြေပုံဖြစ်တဲ့ ဒီ ပြဌာန်းချက်မူကြမ်းမှာ အရင်ဆုံး ကြားဖြတ်အစိုးရတရပ်ဖွဲ့ဖို့ ပါဝင်သလို ဆီးရီးယားနိုင်ငံတဝှမ်းကလူတွေဆီ လူမှုကူညီရေးတွေ အမြန်ဆုံး၊ အန္တရာယ်အကင်းဆုံးနဲ့ အတားအဆီးမရှိ ပေးပို့နိုင်ဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးရီးယား အစိုးရနဲ့ အတိုက်အခံအုပ်စုတွေ ခါဇတ်ခ်စ္စတန်နိုင်ငံမြို့တော် Astana မှာ ဇန်နဝါရီလနှောင်းပိုင်း တွေ့ဆုံဖို့ လည်းပါဝင်ပါတယ်။ ဒါဟာ ဆီးရီးယားက ဦးဆောင်ပြီး ကုလသမဂ္ဂ ကူညီ်ဆောင်ရွက်မယ့်နိုင်ငံရေး လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ကဏ္ဍလည်းဖြစ်ပါတယ်။

အပစ်ရပ်သဘောတူညီမှုသာ ခိုင်မြဲမယ်ဆိုရင် ၂၀၁၁ ခုနှစ်ကတည်းက စတင်လာတဲ့ ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်မယ့် အလားအလာကောင်းဖြစ်နိုင်မှာပါ။ ဆယ်စုနှစ်နဲ့ချီ အုပ်ချုပ်လာတဲ့ သမ္မတ Bashar al-Assad ရဲ့ မိသားစုကိုရာထူးကဖယ်ရှားဖို့ ဆန္ဒပြရင်း ပဋိပက္ခတွေစတင်ခဲ့တာပါ။ ဒီပြည်တွင်းစစ်မှာ လူပေါင်း ၂ သိန်းခွဲထက်မနည်း သေဆုံးခဲ့ရသလို ၁၃ သန်းထက်မနည်း အရေးပေါ်အကူအညီတွေလိုအပ်တာဖြစ်ပါတယ်။ ဆီးရီးယား ပဋိပက္ခကြောင့် ဥရောပတလျှောက် ဒုက္ခသည်ဆိုင်ရာ အကြပ်အတည်းတွေ ဖြစ်ပေါ်လာပါတယ်။

ဆီးရီးယားသမ္မတ အာဆတ်ကို ရုရှားနဲ့ အီရန်နိုင်ငံတို့က အရေးပါလှတဲ့ စစ်ရေးဆိုင်ရာအကူအညီတွေပေးနေတာပါ။တူရကီနိုင်ငံကတော့ အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ သူပုန်အုပ်စုတွေကို အကူအညီတွေပေးရင်း အားပေးထောက်ခံ နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG