သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှုကိုင်တွယ်ဖို့ ကုလကို အီရန်တိုက်တွန်း


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အထူးပဲ စိုးရိမ်မိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ် Antonio Guterres ကို စာရေးသားပေးပို့လိုက်ပါတယ်။

အဲဒီစာထဲမှာတော့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ စိုးရိမ်စရာအခြေအနေတွေကို အဆုံးသတ်ဖို့နိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့ အတူ လုပ်ဆောင်ဖို့ကိုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က တောင်းဆိုထားတယ်လို့ Press TV ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေဟာ သူတို့ရဲ့အခြေခံအခွင့်အရေးတွေဖြစ်တဲ့ နိုင်ငံသား ဖြစ်ခွင့် နဲ့ အဲဒီနိုင်ငံရဲ့ အစိုးရက အကာအကွယ်ပေးမှုတွေကို ဆုံးရှုံးနေရုံတင်မဟုတ်ဘဲ၊ သူတို့ဟာ နိစ္စဓူ၀ သတ်ဖြတ်တာ၊ အကြမ်းဖက်တာ လူမဆန်တဲ့ ငြင်းပန်းနှိပ်စက်မှုတွေကို ခံနေရတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က ရေးသားထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့ကျရင် ကျင်းပမယ့် အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးအတွင်းမှာလည်း ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း - မြန်မာအစိုးရ တပ်တွေဘက်က ရခိုင်ပြည်နယ်မှာရှိတဲ့ အဲဒီမွတ်စလင်တွေအပေါ်မှာ သတ်ဖြတ်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ အမျိုးသမီးတွေအပေါ်မုဒိမ်းကျင့်တာတွေရှိခဲ့တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း မြန်မာအစိုရအပေါ်မှာ စွပ်စွဲပြစ်တင်တာတွေရှိခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ - အဲဒီလို တဘက်သတ် စွပ်စွဲပြောဆိုတာတွေအပေါ် ငြင်းဆိုခဲ့ပြီး၊ သက်သေအထောက်အထားနဲ့ အခိုင်အမာတင်ပြနိုင်တယ်ဆိုရင် သူတို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင့်သင့်ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG