သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့် နိုင်ဖို့ ပူတင်လုပ်ခိုင်းလို့ ကန် ထောက်လှမ်းရေးပြော


ရွေးကော်ခံသမ္မတ Donald Trump ကိုဆန့်ကျင်ဆန္ဒပြသူများ၊ ၁၉ ဒီဇင်ဘာ ၂၀၁၆။
ရွေးကော်ခံသမ္မတ Donald Trump ကိုဆန့်ကျင်ဆန္ဒပြသူများ၊ ၁၉ ဒီဇင်ဘာ ၂၀၁၆။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ အရင်ကမလုပ်ဖူးတဲ့အတိုင်းအတာမျိုးနဲ့ အမေရိကန်ရွေးကောက်ပွဲကို နှောက်ယှက်၊ နိုင်ငံရေးဝန်ကြီးဟောင် ဟီလရီကလင်တန်ကိုလည်း သိက္ခာကျအောင်လုပ်ပြီး နောက်ဆုံးမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်အနိုင်ရဖို့ ပိုအခွင့်သာအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက အများပြည်သူကို ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ ရည်ရွယ်ချက်က အမေရိကန်ရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ်မှာ လူထုရဲ့ ယုံကြည်မှုထိခိုက်လာအောင်လုပ်ဆောင်ဖို့၊ နိုင်ငံခြားရေးဝန်ကြီးဟောင် ဟီလရီကလင်ကို အပုပ်ချပြီး ရွေးကောက်ပွဲမှာ ထိခိုက်အောင် လုပ်သွားဖို့ဖြစ်တယ်လို့ သောကြာနေ့က ထုတ်ပြန်ထားတဲ့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။ ဒါ့အပြင် ကျနော်တို့အနေနဲ့ နောက်ထပ် အကဲဖြတ်လို့ရတာကတော့ မစ္စတာ ပူတင် နဲ့ ရုရှားအစိုးရဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပိုသဘောကျတယ်ဆိုတာနဲ့ အခြေအနေပေးလာတဲ့အခါ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အခွင့်အရေးတွေရအောင် ကူညီပေးသွားဖို့ ရည်မှန်းချက်ရှိခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။ ထောက်လှမ်းရေးအကြီးအကဲတွေက ဒေါ်နယ်လ်ထရမ့်ကို လျှို့ဝှက်ထောက်လှမ်းရေးသတင်း အချက်အလက်တွေကို အစီရင်ခံခဲ့ပြီးနာရီပိုင်းအတွင်းမှာပဲ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ ၃ ခုက ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို တင်ဖို့ အမိန့်ပေးခဲ့တဲ့ သမ္မတဘရက်ခ်အိုဘားမားကိုတော့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေက ကြာသပတေးနေ့က ရှင်းပြခဲ့ကြပါတယ် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA နဲ့ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗြူရို FBI တို့ကတော့ သူတို့ရဲ့ သုံးသပ်ချက်တွေအပေါ်မှာ အပြည့်အဝယုံကြည်မှုရှိတယ်လို့ပြောထားပြီး၊ အမျိုးသားလုံခြုံရေးအေဂျင်စီကတော့ တွေ့ရှိချက်တွေအပေါ်မှာ အတန်အသင့်ပဲ ယုံကြည်မှုရှိတယ်လို့ ဒီအစီရင်ခံစာမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG