သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်အသေခံဗုံးခွဲမှု လူ ၃၀ သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တော်မှာ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုနှစ်ခုအတွင်း အနည်းဆုံး လူ ၃၀ ကျော် သေဆုံးပြီး၊ ၈၀ လောက် ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ အာဖဂန်အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

လက်နက်ကိုင်သူပုန်တွေက - လွှတ်တော်ရုံးတွေကနေ ထွက်ခွာလာကြတဲ့ အရာရှိတွေရဲ့ယာဉ်တန်းကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

သေဆုံးသွားသူတွေထဲမှာ ထိပ်တန်းလုံခြုံရေးအရာရှိတွေ၊ အရပ်သားတွေနဲ့ လွှတ်တော်အမတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Darulaman အရပ်က လွှတ်တော်ရုံးတွေအနီးမှာ အသေခံဗုံးဖောက်ခွဲခဲ့ပြီးနောက် ခဏအကြာမှာပဲ - ထိခိုက်သေဆုံးမှုတွေ ပိုများအောင် ရည်ရွယ် ချက်နဲ့ ဗုံးခွဲသူ နောက်တဦးကလည်း - ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်လာတဲ့ ကားနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေနဲ့ အရပ်သားတွေက ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ကြပေမဲ့ ပုံမှန် ညနေတိုင်း ယာဉ်ကျော ပိတ်ဆို့မှုတွေကြောင့် နှောင့်နှေးမှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း တာလီဘန်သူပုန်အဖွဲ့က ချက်ခြင်း ပြောဆိုခဲ့ပြီး၊ တိုက်ခိုက်မှုအတွင်း ဒါဇင်နဲ့ချီတဲ့ လူတွေ သေဆုံး ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့လည်း ပြောဆိုထားပါတယ်။ တာလီဘန်အဖွဲ့အနေနဲ့ အခုလိုတိုက်ခိုက်မှုမျိုးတွေမှာ သေဆုံးသူအရေအတွက်ကို မကြာခဏဆိုသလို ပိုပြီး ပြောလေ့ရှိတတ်တာပါ။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့ကလည်း - အရပ်သားတွေဘဝကို အလေးမထားကြောင်း ပြသတဲ့လုပ်ရပ် အတွက် တာလီဘန်အဖွဲ့ကို ရှုတ်ချခဲ့ပြီး၊ သေဆုံးဒဏ်ရာရသူတွေအတွက် တရားမျှတမှုရှိစေဖို့ ချက်ခြင်း မျှတမှုရှိတဲ့ စုံစမ်းစစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG