သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဘင်္ဂလားဒေ့ရှ် နီပေါ ဘူတန် နဲ့ အိန္ဒိယ ရထားလမ်းဖောက်မည်


အိန္ဒိယနိုင်ငံ Mumbai ရထားလိုင်း။
အိန္ဒိယနိုင်ငံ Mumbai ရထားလိုင်း။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ ဘူတန်နိုင်ငံတွေကြား ဆက်သွယ်မယ့် ရထားလမ်း ဖောက်လုပ်ဖို့ အတွက် အိန္ဒိယ ရထားလမ်းပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO တို့ကြား ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အိန္ဒိယ ရထားလမ်းပို့ဆောင်ရေး ဝန်ကြီး Suresh Prabhu က ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ ဘူတန် တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတဲ့အတွက် ဒီနိုင်ငံတွေနဲ့ ရထားလမ်းဆက်သွယ်ရေးတွေ ပိုမိုဖောက်လုပ်သွားချင်တာဖြစ်တယ်လို့ Prabhu က သတင်းထောက်တွေ ကိုပြောပါတယ်။ ဒါမှလည်း အပြန်အလှန်အကျိုးရှိစေမယ့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်နဲ့ ဆက်နွယ်မှုတွေ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG