သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှစ်သစ်ကူးပွဲတော် အာရှတလွှားဆင်နွဲ


တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော်ဆင်န်ွဲနေကြသူများ၊ ၂၈ ဇန်နဝါရီ ၂၀၁၇။
တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော်ဆင်န်ွဲနေကြသူများ၊ ၂၈ ဇန်နဝါရီ ၂၀၁၇။

ပစိဖိတ်ရပ်ဝန်းဒေသတဝိုက်က လူအတော်များများဟာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဒီကနေ့ စနေနေ့မှာ ကျင်းပဆင်နွဲကြပါတယ်။ လာမယ့်နှစ်ဟာ တရုတ်ရိုးရာ ကြက် နှစ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာတော့ ထောင်နဲချီတဲ့လူတွေဟာ ဘုံကျောင်းတွေမှာ အမွေးတိုင်တွေထွန်းညှိုပူဇော်ရင်း လာမယ့်နှစ်သစ်မှာ ကံကောင်းပြီး ကျန်းမာဖို့ ဝတ်ပြုဆုတောင်းကြပါတယ်။ ဘေကျင်း မြို့ခံတချို့ကတော့ လွန်ခဲ့တဲ့ ၁၄ရာအစပိုင်းမှာ နှစ်ပေါင်း ၂၀၀ ကျော်အုပ်စိုးခဲ့တဲ့မင်မင်းဆက် လက်ထက်ကတည်းက ရှိနေတဲ့ ခေါင်းလောင်းထိုးဖို့ Badachu ပန်းခြံကို သွားရောက်ကြပါတယ်။ တရုတ်နိုင်ငံအရှေ့မြောက်အရပ်က Jilin ပြည်နယ်မှာတော့Yangko ရိုရားအကနဲ့ နှစ်သစ်ကြိုဆိုခဲ့တာပါ။

တောင်ကိုးရီးယားနိုင်ငံ၊ Imjingak အရပ်မှာလည်း Lunar လို့ခေါ်တဲ့ နှစ်သစ်ကူး ကာလကို ဆယ်စုနှစ်တွေနဲ့ချီ ကွဲကွာသွားတဲ့ မိသားစုဝင်တွေကို အောက်မေ့တဲ့ကာလအဖြစ် သတ်မှတ်ထားပါတယ်။ ရိုးရာဓလေ့အရ အကြီးဆုံးသားက ဆန်မုန့်တွေ၊ သစ်သီးနဲ့ ငါး တွေကို ဘုရားစင်မှာ ကပ်လှုပေးရတာပါ။ ကိုးရီးယားစစ်ပွဲဖြစ်ပွါးခဲ့ရာ ခဲနေတဲ့ Imjin မြစ်ပေါ်မှာလည်း သက်ကြီးရွယ်အိုအတော်များများ လာရောက်ဝတ်ပြုဆုတောင်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG