သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်ဝင်ခွင့်ကန့်သတ်မိန့် ပြည်ထောင်စုတရားသူကြီးက ရပ်ဆိုင်း


ဘော်စတွန်နိုင်ငံတကာလေဆိပ်ကိုရောက်လာတဲ့ ခရီးသည်တဦးကို ကြိုဆိုနေပုံ။ ဖေဖော်ဝါရီ ၃၊ ၂၀၁၇။
ဘော်စတွန်နိုင်ငံတကာလေဆိပ်ကိုရောက်လာတဲ့ ခရီးသည်တဦးကို ကြိုဆိုနေပုံ။ ဖေဖော်ဝါရီ ၃၊ ၂၀၁၇။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ပြည်ထောင်စုတရားရုံးတခုက မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံတွေက အမေရိကန်နိုင်ငံကို တရားဝင်ပြည်ဝင်ခွင့် ဗီဇာနဲ့ရောက်လာတဲ့သူတွေကို ပြန်မပို့ဖို့ ဟန့်တားတဲ့အမိန့်တခုကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမိန့်ကြေငြာချက်ထွက်ပြီးတဲ့နောက်ပိုင်း - အကောက်ခွန် နဲ့ နယ်စပ်လုံခြု့ရေးဌာနကလည်း အမေရိကန်နိုင်ငံကို တရားဝင်ဗီဇာနဲ့ ရောက်လာသူတွေကို နေထိုင်ခွင့်ပြုနေတယ်လို့ ပြောပါတယ်။

တမူထူးခြားတဲ့ အရေးပေါ်အမိန့်ကြေငြာချက်နဲ့ ပတ်သက်လို့ တရားရေးဌာနအနေနဲ့ အတတ်နိုင်ဆုံး အစောဆုံး ကြေငြာချက်ထုတ်ပြန်သွားမယ်လို့ သမ္မတအိမ်ဖြူတော်က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ သမ္မတထရမ့်ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည်တွင်းဝင်ရောက်ခွင့်ကန့်သတ်တဲ့ သမ္မတအမိန့်ေကြေငြာချက်ဟာ တရားဝင်ပြီး မှန်ကန်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဝါရှင်တန်ပြည်နယ် Seattle မြို့က ခရိုင်တရားသူကြီး James Robart ကတော့ - ဝါရှင်တန် နဲ့ မီနက်ဆိုတာပြည်နယ်တို့ဟာ သမ္မတထရမ့်ရဲ့ အမိန့်ကြေငြာချက်ကို ဥပဒေလမ်းကြောာင်းအရ စိန်ခေါ်ပိုင်ခွင့်ရှီတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG