သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ချီးကြောင့် ကလေးတွေသေကြောင်း သုတေသီတွေပြော


အိန္ဒိယနိုင်ငံမှာ လိုင်ချီးသီးတွေလမ်းဘေးမှာရောင်းချနေပုံ။
အိန္ဒိယနိုင်ငံမှာ လိုင်ချီးသီးတွေလမ်းဘေးမှာရောင်းချနေပုံ။

အိန္ဒိယနိုင်ငံမှာ အမည်မသိထူးခြားတဲ့ ရောဂါတမျိုးနဲ့ နှစ်စဉ်နှစ်တိုင်း မေလလယ်နဲ့ ဂျွန်လအတွင်း သေဆုံးနေတဲ့ ကလေးငယ်တွေဟာ အစာမရှိပဲ လိုက်ချီးသီးတွေစား တာကြောင့်ဖြစ်နိုင်တယ်လို့ အမေရိကန် နဲ့ အိန္ဒိယ သုတေသနပညာရှင်တွေကပြော ပါတယ်။ အိန္ဒိယနိုင်ငံက လိုင်ချီးသီး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ပြည်နယ်တခုဖြစ်တဲ့ မူဇာဖာရာပူရ် ပြည်နယ်က ကလေးငယ်တွေမှာ ၁၉၉၅ ခုနှစ်ကစလို့ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါဆိုးတွေ ရုတ်တရက်ဖြစ်ပြီး သေဆုံးမှုတွေမြင့်တက် လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလို သေဆုံးမှုတွေဟာလည်း လိုင်ချီးသီး ဆွတ်ခူးချိန်တွေနဲ့ တိုက်ဆိုင်နေတာပါ။ သေဆုံးသူအများစုဟာ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်တောရွာက ကလေးငယ်တွေ ဖြစ်ကြပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းဟာ အစာမရှိပဲ လိုင်ချီးသီးတွေစားတာကြောင့်ဖြစ်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ Lancet ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဂျာနယ်မှာဖော်ပြထားပါတယ်။

၂၀၁၄ မေလနဲ့ ဂျွန်လလယ်တွင်း ထူးဆန်းတဲ့ရောဂါဖြစ်လာတဲ့ ကလေးငယ်နဲ့ မဖြစ်ကြတဲ့ ကလေးငယ်တွေကို သုတေသနပညာရှင်တွေက စစ်ဆေးပြီး နှိုင်းယှဉ် ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG