သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump လွှတ်တော် ၂ ရပ်ကို မိန့်ခွန်းပြောမည်


သမ္မတ Donald Trump အင်္ဂါနေ့ညမှာ အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်းရှေ့ ပြောကြားမယ့် မိန့်ခွန်းဟာ ပြည်သူတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ တကယ် စစ်မှန်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် တိကျ ပြတ်သားတဲ့ မိန့်ခွန်းဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော် အရာရှိတွေက ကတိပေး ပြောကြားလိုက်ပါတယ်။

ပြည်သူတွေအတွက် ဘယ်လို အကူအညီမျိုးတွေ ရရှိနိုင်မယ်ဆိုတဲ့ကိစ္စကို သမ္မတက အသိပေး တင်ပြသွားမှာဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းက အဆင့်မြင့် အရာရှိတဦးက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အင်္ဂါနေ့ နှောင်းပိုင်းက ပြောပါတယ်။

ဝါရှင်တန် စံတော်ချိန် ည ၉ နာရီ ၊ အခု ကျနော်တို့ အသံလွင့်ပြီး ၁ နာရီခွဲအကြာမှာ စတင်မယ့် မိန့်ခွန်းကိုတော့ “Renewal of the American Spirit” - အမေရိကန်တွေရဲ့ စိတ်ဓါတ်ကို ပြန်လည် ဆန်းသစ်ခြင်း - လို့ အမည်ပေးထားပြီး စီးပွားရေးအခွင့်အရေးနဲ့ အမေရိကန် ပြည်သူတွေကို အကာကွယ်ပေးမယ့် ကိစ္စရပ်တွေကို အလေးပေး ပြောကြားသွားမှာ ဖြစ်တယ်လို့ အဲဒီ အဆင့်မြင့် အရာရှိက ပြောပါတယ်။

သမ္မတရဲ့ မိန့်ခွန်းထဲမှာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တချို့ကိုလည်း ထည့်သွင်း ပြောကြားမှာ ဖြစ်ပေမယ့် တိုင်းပြည်တခုခုကို အမည်တပ် ဖော်ပြတာမျိုး ပါဝင်မှမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ဦးဆောင်ပြီး နှစ်အတန်ကြာ ဆွေးနွေး သဘောတူညီမှု ရရှိအပြီးမှာ အမေရိကန်က နှုတ်ထွက်ခဲ့တဲ့ ၁၂ နိုင်ငံပါဝင်တဲ့ TPP ပစိတ်ဖိတ်ရပ်ဝန်းဒေသ နိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်ကနေ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း သမ္မတ Trump က တင်ပြသွားမယ်လို့ ဆိုပါတယ်။

သမ္မတ Trump အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မကြာခင် နာရီပိုင်းအတွင်း ပြောကြားမယ့် မိန့်ခွန်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ အင်တာနက် စာမျက်နှာနဲ့ Facebook စာမျက်နှာတို့ကနေလည်း တိုက်ရိုက် ထုတ်လွင့် ပြသသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG