သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဝန်ကြီး နယ်သာလန် ဝင်ခွင့်မရ


တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ။ (မတ် ၁၁၊ ၂၀၁၇)
တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ။ (မတ် ၁၁၊ ၂၀၁၇)

EU ဥရောပ သမဂ္ဂ နိုင်ငံတွေကြား တူရကီကို ဆန့်ကျင်မှုတွေ တိုးလာနေချိန်မှာပဲ စနေနေ့က တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ဟာ Netherlands ကို ဝင်ခွင့် အပိတ်ပင်ခံခဲ့ရပါတယ်။ အခုလို တားမြစ်ပိတ်ပင်မှုအတွက် တူရကီသမ္မတ Recep Tayyip Erdogan က ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။ ဒါ့အပြင် တူရကီရဲ့ နေတိုး မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ Netherlands နိုင်ငံကို နာဇီတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ သူ့ရဲ့ ဒီသီတင်းပတ်ထဲ ပြောဆိုချက်အတိုင်း နာဇီလက်ကျန် နိုင်ငံတနိုင်ငံလို့ ဒုတိယအကြိမ် အဖြစ် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အခုလို မှတ်ချက်ပေး ပြောကြားမှုဟာ မိုက်မဲတဲ့ ပြောဆိုချက်တခု ဖြစ်တယ်လို့ Netherlands ဝန်ကြီးချုပ် Mark Rutte က စနေနေ့မှာပဲ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူတို့ ဒေါသထွက်နေတာမို့ ပြောဆိုတယ် ဆိုတာကို သိပေမယ့် ဒီလို ပြောဆိုချက်ကတော့ ဘောင်လွတ်နေတယ်လို့ ပြောပါတယ်။

အခုလို ပြောကြားချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ အခု ဂျာမဏီကို ရောက်နေတဲ့ တူရကီနိုင်ငံရဲ့ မိသားစုဝန်ကြီး Fatma Betul Sayan Kaya ဟာ Netherlands ကို ကုန်းလမ်းကနေ သွားရောက်မယ်လို့ တူရကီအစိုးရ သတင်းဌာန ဖြစ်တဲ့ Anadolu က ကြေညာပါတယ်။ Netherlands သူမရဲ့ ဟောပြောပွဲကျင်းပဖို့ နဂိုက စီစဉ်ထားတာကို ဖျက်သိမ်းထားတဲ့ ကြားကနေ အခုလို သွားရောက်ဖို့ ကြေညာတာ လည်းဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ သမ္မတ Erdogan ၂၀၂၉ ခုနှစ်အထိ အုပ်ချုပ်နိုင်ပြီး အာဏာပိုရလာစေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ မတိုင်ခင် စည်းရုံးရေး လုပ်နေတဲ့ တူရကီ ဝန်ကြီးတွေရဲ့ လာရောက်မှုတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လက်မခံငြင်းဆိုနေတာ ဖြစ်ပါတယ်။

တူရကီ ဝန်ကြီး နယ်သာလန် ဝင်ခွင့်မရ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG