သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှုပ်ထွေးတဲ့ မလေး-တရုတ်ဆက်ဆံရေး


မလေးရှားရေတပ် ကင်းလှည့်သင်္ဘော။
မလေးရှားရေတပ် ကင်းလှည့်သင်္ဘော။

တရုတ် ရေတပ်သင်္ဘောတွေကို မလေးရှားနိုင်ငံက ဝယ်ယူူမယ့်ကိစ္စနဲ့ တရုတ်တို့ရဲ့ ဘယ်လို ကျူးကျော်ရန်စမှု မျိုးကိုမဆို ဆန့်ကျင်ဖို့ မလေးရှား နိုင်ငံဘက်က ကင်းလှည့်မှုတွေ အရှိန်မြင့်လုပ်ဆောင်မယ့် လုပ်ရပ်ဟာ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြှင့်လာတဲ့ သဘောဖြစ်သလို တရုတ်နဲ့ မလေးရှားတို့ကြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်။

မလေးရှားနိုင်ငံရဲ့ နယ်နိမိတ်ဟာ Sulu ပင်လယ်နဲ့ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတမ်းအထိ ဆက်စပ်နေတာပါ။ လာမယ့် နိုဝင်ဘာလ ကစပြီး တရုတ်နိုင်ငံထုတ် ရေတပ်သင်္ဘောလေးစင်းနဲ့ကမ်းရိုးတမ်းတလျှောက် ကင်းလှည့်သွားမယ်လို့ မလေးရှား အရာရှိ တွေကပြောပါတယ်။

မလေးရှား ရေပြင်နယ်နိမိတ်တွေအပေါ် ခြိမ်းခြောက်ရန်စမှုတွေကို ကာကွယ်ဖို့ အသုံးပြုနေတဲ့ တော်ဝင်ရေတပ်ကသင်္ဘော အစင်း ၅၀ နေရာမှာ ခုဝယ်ယူလိုက်တဲ့ သင်္ဘောတွေနဲ့ အစားထိုးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မလေးရှား ရေပြင်နယ်နိမိတ်ကို ခြိမ်းခြောက်နေတဲ့အထဲမှာ တရုတ်နိုင်ငံလည်း တခုအပါအဝင်ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွါးမှုမှာ မလေးရှားနဲ့ တရုတ်တို့ ပြိုင်ဆိုင်နေတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မလေးရှားပိုင် ဘော်နီယိုကျွန်းကနေ ကီလိုမီတာ ၁၅၀ အကွာမှာရှိတဲ့ တောင်တရုတ်ပင်လယ်တွင်းက Luconia Shoals ကျွန်းသေးကလေးမှာ တရုတ် ကမ်းခြေစောင့်တပ် သင်္ဘော ကျောက်ချထားတာကို မလေးရှားနိုင်ငံက တွေ့ရှိခဲ့တာပါ။ ၂၀၁၆ မတ်လမှာလည်း တရုတ်ရေတပ် သင်္ဘောတစင်းကို မလေးရှားနိုင်ငံ အနီးမှာတွေ့ခဲ့ရသလို တရုတ်ငါးဖမ်းစက်လှေ အစီး ၁၀၀ ကို တရုတ်ကမ်းခြေစောင့်တပ် တွေ လိုက်လံစောင့်ရှောက်ပေးခဲ့တာကို မလေးရှားတို့ တွေ့မြင်ခဲ့တာဖြစ်ပါတယ်။

ရှုပ်ထွေးတဲ့ မလေး-တရုတ်ဆက်ဆံရေး
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG