သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူတဦး အသတ်ခံရ


အသတ်ခံရ၍ သေဆုံးသွားသူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စု တာဝန်ခံ ဟာမိတ်တူလာ (ဓာတ်ပုံ - ရဲခေါင်ညွန့်)
အသတ်ခံရ၍ သေဆုံးသွားသူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စု တာဝန်ခံ ဟာမိတ်တူလာ (ဓာတ်ပုံ - ရဲခေါင်ညွန့်)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာက ကျေးရွာအုပ်စုတာဝန်ခံ ဟာမိတ်တူလာ ခေါ် ဘာဆာကို သောကြာနေ့ည သန်းခေါင်အချိန်မှာ လူတစုက သူ့နေအိမ်မှာ လာရောက်သတ်ဖြတ်သွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီလို သတ်ဖြတ်တာဟာ မတ်လ ၂၉ ရက်နေ့က သတင်းမီဒီယာတွေ မေးမြန်းတာကို ဖြေကြားခဲ့တာနဲ့ ဆက်နွယ်နိုင်ကြောင်း အစိုးရတာဝန်ရှိသူတွေက သုံးသပ်ပါတယ်။


သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ သူဟာ အစိုးရနဲ့ နီးစပ်တာကြောင့် မကြာခန ခြိမ်းခြောက်ခံရကြောင်းနဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်းလည်း အခု သေဆုံးသွားသူက ပြောထားပါတယ်။


ဒီသတ်ဖြတ်တာနဲ့ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူက အတည်ပြုချက်ပေးပေမယ့် အသေးစိတ်သတင်းထုတ်ပြန်တာမရှိပါဘူး။


တင်းမေကျေးရွာဟာ ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ်အကြမ်းဖက်ဖို့ အတွက် အကြမ်းဖက်သမားတွေက သင်တန်းပေးဆောင်ရွက်ရာနေရာအဖြစ် အစိုးရက သတင်းထုတ်ပြန်ထားသလို အကြမ်းဖက် လုပ်ငန်း လုပ်ဆောင်တယ်လို့ သံသယရှိသူ ၁၀ယောက်လောက်ကို ဖမ်းဆီးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။


ဒီနေ့ မနက် ၁နာရီကျော်က သက်ကိုင်ညာကျေးရွာအုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှုးရုံးအကူ ရှောင်ရှုအာလောင် ခေါ် ဝင်းနိုင်နဲ့ တစ်ရွာတည်းနေ အဒူဆလင်ဘ ခေါ် ဟူဆောင်းနာလီတို့ နှစ်ယောက်ကိုလည်း အိပ်ပျော်နေချိန်မှာ အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင် သွားပြီးတဲ့နောက် ပျောက်ဆုံးနေပါတယ်။


ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း သတင်းမီဒီယာအဖွဲ့တွေ ပထမဆုံးသွားရောက်ပြီးတဲ့နောက် သတင်းမီဒီယာတွေကို ဖြေကြားခဲ့တဲ့ ငါးခူရကျေးရွာစာကြည့်တိုက်မှုး ဒုတ်မာမတ်ခေါ် ရူနာမျာဆိုသူလည်း အသတ်ခံခဲ့ရဖူးပါတယ်။

(သတင်းထောက် မေခ မောင်တောက ပေးပို့သည့်သတင်းဖြစ်ပါတယ်။)

XS
SM
MD
LG