သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား မြေပြိုမှု လူအများအပြား ပျောက်ဆုံး


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး စနေနေ့က မြေပြိုကျတာကြောင့်၊ လူ ၂ ဒါဇင်ကျော် ပျောက်ဆုံးနေပါတယ်။ အရှေ့ဂျားဗားပြည်နယ် ပိုနိုရိုဂိုခရိုင်က ဘာနာရန် ဆိုတဲ့ရွာမှာ မြေပြိုကျခဲ့တာဖြစ်ပြီး၊ အဲဒီမြေပြိုတဲ့အထဲမှာ အိမ် ၃၀ ကျော်ပါသွားခဲ့သလို၊ တောင်ယာစိုက်နေတဲ့ တောင်သူတွေလည်း ပါသွားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ဘေးဒုက္ခကယ်ဆယ်ရေးဌာန ပြောခွင့်ရ Sutopo Purwo Nugroho က ပြောပါတယ်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေကတော့ - မြေပြိုတဲ့အထဲမှာ လူ ၂၇ ယောက်ပါသွားတယ်လို့ ပြောကြားလိုက်ပြီး၊ အဲဒီဒေသမှာရှိတဲ့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲကတော့ ပျောက်ဆုံးနေတဲ့သူ အရေအတွက်ဟာ ၃၈ ယောက်ရှိတယ်လို့ ပြောပါတယ်။

စစ်တပ် ၊ ရဲတပ်ဖွဲ့ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေတဲ့သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ Nugroho က ပြောပါတယ်။

မြေပြိုကျတဲ့နေရာကိုသွားဖို့အတွက် အခက်အခဲတွေရှိနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတားအဆီးတွေနဲ့ ကြုံနေရတယ်လို့ သူကပြောပါတယ်။ မြေပြိုကျတဲ့အချိန်မှာ ရွာသား ၂၂ ယောက်က သူတို့ရဲ့ အိမ်တွေမှာရှိနေပြီး၊ ၁၆ ယောက်ကတော့ ယာခင်းထဲမှာ ဂျင်းစိုက်နေတုန်း မြေပြိုကျခဲ့တာဖြစ်တယ်လို့ ရွာသားတွေကို ကိုးကားပြီး၊ ဒေသခံ အင်ဒိုနီးရှားစစ်တပ်က ဒုဗိုလ်မှူးကြီး Slamet Sarijanto က ပြောပါတယ်။ မြေပြိုကျမှုကြောင့် အိမ်တွေ ကားတွေ ပျက်စီးခဲ့ပြီး၊ တောင်စောင်းမှာရှိတဲ့ စိုက်ခင်းကြီးလည်း ပျက်စီးသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG