သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သင်္ကြန် အစီအစဉ်


ရန်ကုန်သင်္ကြန် ရေကစားနေကြစဉ် ( ဧပြီ ၁၆-၂၀၁၆)
ရန်ကုန်သင်္ကြန် ရေကစားနေကြစဉ် ( ဧပြီ ၁၆-၂၀၁၆)

ဒီနှစ်သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူများ လုံခြုံဘေးကင်းစေဖို့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် အဖွဲ့အစည်း၊ နာရေးကူညီမှုအသင်း စတဲ့ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ပထမဆုံးအကြိမ် တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်စည်ပင် ကော်မတီက မနေ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

သင်္ကြန်ပွဲတော်ကို စီးပွားဖြစ် နှစ်ပေါင်းများစွာ ကျင်းပလာခဲ့ပြီးနောက် အခု NLD အစိုးရလက်ထက်မှာ ရိုးရာသင်္ကြန် ထုံးတမ်းအစဉ်အလာမပျက် ပြန်ပြီး ကျင်းပနိုင်ရေး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ကြိုးပမ်းဆောင်ရွက်လာတာဖြစ်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာဖြစ်ပါတယ်။

ဒီနှစ် သင်္ကြန်ကာလအတွင်း ရိုးရာအစဉ်အလာမပျက် ဆင်နွဲှကျင်းပနိုင်ရေးနဲ့ အများပြည်သူ လုံခြုံရေးအတွက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောသွားပါတယ်။

“ရည်ရွယ်ချက်က ရိုးရာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ပူပင်သောက ကင်းကင်းပျော်ရွှင်စေရေး၊ အမှိုက်အပါအဝင် စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းတကျစွန့်ပစ်ရေး၊ ကျမတို့ စည်ပင်သာယာ ပတ်ဝန်းကျင်ထိမ်းသိန်းရေးက ပါပါ့မယ်။ နောက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပေးနိုင်စေရေး၊ ရှင်ကူအသင်းတို့ နာရေးကူညီမှုအသင်းတို့က အရေးပေါ်လူနာတင်ကားတွေရှိနေပါမယ်။”

ဒါအပြင် ရိုးရာမဟာသင်္ကြန်ဖော်ဆောင်ရေး ပရဟိတအဖွဲ့အဖြစ် အမည်ပေးထားတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကို စည်ပင်သာယာရေးကော်မတီ ကဦးဆောင်သွားမှာဖြစ်တယ်လို့လည်း ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။ စေတနာ့ဝန်ထမ်းတွေအဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေ လည်း ပါဝင်မှာဖြစ်ပြီး ၈၈ ငြိမ်း/ပွင့်၊ NLD လူငယ်၊ ကြက်ခြေနီလူမှုရေးအဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ စတဲ့ လူမှုအဖွဲ့အစည်းတွေ ပါဝင်မှာဖြစ်ပါတယ်။

အလားတူ ဧပြီလ (၁၄)ရက်နေ့ကနေ (၁၆)ရက်နေ့ထိ ရန်ကုန် သုဝဏကွင်းမှာ ကျင်းပမယ့် ရခိုင့်ရိုးရာသင်္ကြန်ကိုလည်း ထုံးတမ်းအစဉ်အလာ မပျက်ပြုလုပ်မှာဖြစ်သလို ပထမဆုံးအကြိမ် ပြည်ထောင်စု တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကနေ မြန်မာကျပ်ငွေ ၃၄၈ သိန်း ထောက်ပံ့မှာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မနှစ် NLD အစိုးရတက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ် လက်မှတ်ရောင်းချတဲ့ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်တာတွေကို စတင်တားမြစ်ခဲ့ပြီး ဒီနှစ်အတွက်လည်း အင်းလျားကန်နဲ့ ကန်တော်ကြီးစောင်းတို့မှာ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့ ခွင်ပြုဖို့မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးက ပြောပါတယ်။

ရန်ကုန်သင်္ကြန် အစီအစဉ်
please wait

No media source currently available

0:00 0:02:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG