သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ် ငဝန်မြစ် သင်္ဘောတိုက် လူ ၂၀ ကျော်သေဆုံး


ဧရာဝတီမြစ်အတွင်းက စက်လှေများမြင်ကွင်း။
ဧရာဝတီမြစ်အတွင်းက စက်လှေများမြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အတွင်းက ငဝန်မြစ်အတွင်းမှာ ဧပြီလ ရ ရက်နေ့ ညက ခရီးသည်တင် စက်လှေနှင့် ကျောက်တင်သင်္ဘောတိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့်လူ ၂၀ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းက ငဝန်မြစ်အတွင်းမှာ ဧပြီလ ၇ ရက်နေ့က ခရီးတွေတင်လာတဲ့ စက်လှေတစင်းနဲ့ ကျောက်တင် သင်္ဘောတိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တင်လှေတစင်း နှစ်မြုပ်ပြီး လတ်တလောသတင်းအရေ လူ၂၀ရဲ့အလောင်းကိုရှာဖွေရရှိထားကြောင်း တချို့လည်း ပျောက်ဆုံးမူတွေရှိနေသေးကြောင်း စက်လှေမှောက်တဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်က တာဝန်ရှိသူက ပြောပြပါတယ်။

" အခြေအနေကတော့ သင်္ဘောတိုက်တဲ့နေရာမှာ သင်္ဘောကို ပြန်လှန်လိုက်တော့ ထွက်လာတဲ့အလောင်းတွေကို ပြန်ကယ်လို့ရတာပေါ့။ အဲ့မှာ ရှင်တဲ့သူလည်းရှင်တယ် သေတဲ့သူလည်း သေတယ်။ လူက အယောက်ငါးဆယ်လောက်ရှိတယ်။ တဝက်လောက်ရှင်တယ် တဝက်လောက်သေတယ်ခင်ဗျ။ အတိအကျတော့ မရသေးဘူး အလောင်းက ၂၀လောက်ရတယ် မိန်းကလေး ၁၆ယောက် ယောက်ကျားလေး ၄ယောက်။ပျောက်တာက ၁ယောက် ၂ယောက်လောက်ပဲရှိတော့တယ် အဲ့တာကို ဆက်လက်ရှာဖွေနေတုန်းပဲ။"

ပုသိမ်ထီးကျောက်ငူဆိုတဲ့နေရာမှာ တိုက်မိခဲ့တာဖြစ်ပြီး တိုက်မိတဲ့ ခရီးသည်လှေဟာ မင်္ဂလာဆောင်ကနေပြန်လာတဲ့လှေဖြစ်ကြောင်း အဲဒီ လှေနဲ့ကျောက်တွေသယ်ဆောင်တဲ့သင်္ဘောတိုက်မိတာဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။

" ဘယ်လိုဖြစ်တာလဲဆိုတော့ ပုသိမ်ထီးပေါ့နော်။ ကျောက်နီအလည်လောက်မှာ တိုက်မိတာဗျ။ အဲ့တာက မင်္ဂလာဆောင်ကနေပြန်လာပြီးတော့ အဲ့ဒီ့သင်္ဘောက ကျောက်တင်တဲ့သင်္ဘောကို ဝင်ဆောင့်တာဗျ။ "

လှေထဲမှာလူ၅၀ထက်မနည်းပါလာပြိး တဝက်လောက်တော့အသက်ရှင်ကျန်ခဲ့တယ်လို့ လည်းဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ချင်းတွင်းမြစ်ကြောင်းတလျောက် ဟုမ္မလင်းမြို့ကနေ မုံရွာမြိုကို ခရီးသည်တွေတင်လာတဲ့အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်ခဲ့ပြီးတဲ့နောက် လူ၁၅၀ကျော် အသက်ရှင်ခဲ့ပြီး လူ၇၀ကျော် သေဆုံးမူဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့နောက်ထပ် ရေယာဉ်နစ်မြုပ်တာတွေ ဆက်မဖြစ်ဖို့အတွက် ရေယာဉ်အသင်းတွေ လိုက်နာဖို့ စည်းကမ်းချက် ၂၅ချက်ကို ထုတ်ပြန်လိုက်ထားပေမဲ့ လိုက်နာမူတွေအားနည်းတာ လှေပေါ်မှာပါလာသူတွေအတွက်အသက်ကယ်အကျီ လုံလောက်စွာ မရှိတာတွေကြောင့်မြန်မာပြည်ရဲ့ရေလမ်းခရီးတွေမှာအလားတူ ဖြစ်ရပ်တွေကတော့မကြာခနဖြစ်ပွားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG