သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဗုံးဒဏ် IS ၃၆ ယောက်သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ဘက်က ကြီးမားတဲ့ ဗုံးတလုံး မနေ့ကြာသပတေးနေ့က ကြဲချတိုက်ခိုက်ခဲ့တာကြောင့် IS အဖွဲ့ဝင် ၃၆ ယောက်သေဆုံးပြီး၊ လက်နက်တွေအများအပြား ပျက်စီးသွားခဲ့တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံဘက်က ပြောလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုမရှိဘူးလို့လည်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း Nangargar ခရိုင်မှာ IS စစ်သွေးကြွတွေ ခိုလုံနေတဲ့ ဥမင်လိုဏ်ခေါင်းတခုရှိရာကို အမေရိကန် စစ်လေယာဉ်တစီးကနေ မနေ့က ကြာသပတေးနေ့ကပဲ အလေးချိန် ကီလိုဂရမ် ၁ သောင်းရှိတဲ့ အကြီးဆုံး ဗုံးတလုံး ကျဲချခဲ့ပါတယ်။ ပစ်ဖူးသမျှ အနုမြူဗုံးမဟုတ်တဲ့ ဗုံးတွေထဲမှာ အကြီးဆုံးဖြစ်ပြီး the mother of all bombs လို့ ပြောကြပါတယ်။

ဒီတိုက်ခိုက်မှုကို အာဖဂန်လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ တာဖြစ်တဲ့အကြောင်း အာဖဂန်သမ္မတ Ashraf Ghani ရုံးကလည်း သီးခြား ကြေညာချက် ထုတ်ပြန်ပါတယ်။ အာဖဂန်တပ်ဖွဲ့တွေ အနေနဲ့ မြောက်အတ္တလန်တိတ်စာချုပ် နေတိုး ရဲ့ အရေးပေါ် တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး အကြမ်းဖက်ဖွဲ့တွေကို တိုက်ခိုက် ချေမှုန်းနေတဲ့အကြောင်းလည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်ရေး လုပ်ငန်းတွေကို ထောက်ပံ့ကူညီဖို့ ရည်ရွယ်ပြီး ဒီတိုက်ခိုက်မှုအတွင်း အရပ်သား ထိခိုက်သေဆုံးမှုမရှိအောင် အထူး သတိထား ဆောင်ရွက်ခဲ့တဲ့အကြောင်းလည်း သမ္မတ Ghani ရဲ့ ရုံး တွီတာ စာမျက်နှာမှာ ကြာသပတေး နေ့က ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ IS စစ်သွေးကြွတွေအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်စေခဲ့တယ်လို့ အာဖဂန်အစိုးရ အရာရှိတွေက ပြောပါတယ်။

အမေရိကန်ဗုံးဒဏ် IS ၃၆ ယောက်သေဆုံး
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG