သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတဝှမ်းက ရိုးရာသင်္ကြန်


ထိုင်းသင်္ကြန် (ဧပြီ ၁၁-၂၀၁၇) د
ထိုင်းသင်္ကြန် (ဧပြီ ၁၁-၂၀၁၇) د

နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်တွေကို မြန်မာနိုင်ငံတဝန်းမှာကျင်းပနေကြတာမှာ ရန်ကုန်မြို့မှာ စီးပွားဖြစ်ရေးကစားမဏ္ဍုပ်ကြီးတွေမရှိပေမဲ့ အုပ်စုဖွဲ့ရေကစားမဏ္ဍုပ်တွေ ရှိတဲ့နေရာတွေမှာတော့ တော်တော်လေးစည်နေပါတယ်။ ယဉ်ကျေးမှုသင်္ကြန်ပွဲအဖြစ် ကျင်းပနေတဲ့ မန္တလေးမြို့မှာတော့ လမ်းလျှောက်သင်္ကြန်ဆိုပြီး သီးသန့်လုပ်ပေးထားတဲ့နေရာမှာ ရေကစားသူတွေပျော်ပျော်ရွှင်ရွှင်ရေကစားကြတာမြင်ရပါတယ်။

မွန်ပြည်နယ်က သင်္ကြန်ပွဲတွေမှာလည်း ၂၅ နှစ်လောက် ကွယ်ပျောက်ခဲ့တဲ့ သံချပ်အဖွဲ့တွေရဲ့ အပြိုင်အဆိုင် သံချပ်သံတွေ၊ အလှယာဉ်တွေနဲ့ လှည့်လည်ဖျော်ဖြေ မှုတွေကို ဒီနှစ်မှာ ပြန်လည်မြင်လာရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင်လည်း ရှမ်းရိုးရာဓလေ့အတိုင်း သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်၊ ခြေသည်းလက်သည်းလှီးပြုစုကုသိုလ်ယူကြသလို ဘုရားသွား ဘုန်ကြီးကျောင်းသွား အလှူလုပ်ကြပါတယ်။ ကရင်ပြည်နယ်မှာဆိုလည်း ရေကစားကြတဲ့အပြင် ဓလေ့ထုံးစံအတိုင်း ထူးခြားတဲ့နေရာတွေကိုသွားပြီး ပျော်ကြတယ်လို့ ကရင်တိုင်းရင်းသားတွေက ပြောပြပါတယ်။

ခုလိုမြန်မာနိုင်ငံမှာ သင်္ကြန်ပွဲကိုဆင်နွဲနေသလို အိမ်နီးချင်း၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာလည်း နှစ်သစ်ကူးရေသဘင်ပွဲတော်တွေကို ဆင်နွဲနေကြပါတယ်။ ရိုးရာထုံးစံအရ သက်ကြီးရွယ်အိုတွေကို ကန်တော့ကြ၊ ဘုရားဆင်းတုတွေကို ရေသပ္ပါယ်ကြသလို ဘုန်းကြီးကျောင်းတွေမှာ အလှူအတန်းလုပ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ဘုရင်ကြီး ဘူမိဘောလ် အဒူလျာဒဲ့ ကွယ်လွန်သွားခဲ့ပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ အများစုက အဖြူနဲ့ အမည်းရောင်ကိုသာဝတ်ဆင်ခဲ့ကြရာက အခု Songkran နှစ်သစ်ကူးကာလမှာ အဝတ်အစားအရောင်စုံကို ပြန်လည်ဝတ်ဆင်တာမြင်ရတာ ထူးခြားနေပါတယ်။

Songkran ပွဲတော်စတင်တဲ့ ပထမ ၃ ရက်အတွင်းမှာတင် ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ ၁၆၀ ထက်မနည်းရှိခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာတော့ အရက်မူးနေတဲ့ လူငယ်အချင်းချင်း ရန်ဖြစ်ရာက သေနတ်နဲ့ပစ်ကြလို့ ၂ ယောက်သေဆုံးခဲ့ပါတယ်။

အာရှတဝှမ်းက ရိုးရာသင်္ကြန်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG