သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Now အယ်ဒီတာကိုဆွေဝင်းအပေါ် စွဲဆိုချက် တရားရုံး "ပ" လပ်


Myanmar Now အယ်ဒီတာကိုဆွေဝင်း (ယာအစွန်)။
Myanmar Now အယ်ဒီတာကိုဆွေဝင်း (ယာအစွန်)။

ဦးဝီရသူနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)တို့အပေါ် မဆီမလျော် ပြောဆိုတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရာဇသတ်ကြီး ဥပဒေ အရ အရေးယူပေးဖို့ တိုင်ကြားထားမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၂၁ရက်နေ့ သော ကြာနေ့မှာ ပလပ်လိုက်ပါတယ်။ တိုင်ကြားသူကတော့ အမှုကို အထက်ရုံးတွေမှာ ဆက်တင်သွားမယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာ ပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရာဇသတ်ကြီး ဥပဒေအရ အရေးယူပေးဖို့ ကိုသက်မျိုးဦးက ကျောက်တံတားမြို့နယ် တရားရုံးမှာ တိုင်ကြားထားမှုဟာ အကြောင်းအချက် ခိုင်လုံမှု မရှိတာကြောင့် ရာဇသတ်ကြီး ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၃ အရ တရားရုံးက အမှုကို ပလပ်လိုက်တာ ဖြစ် တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ပုဂ္ဂိုလ် ဦးခင်မောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

"ကိုသက်မျိုးဦးက တိုင်တဲ့အပေါ်မှာတော့ ကျောက်တံတားမြို့နယ် တရားရုံးက အမိန့်အပြတ်ချလိုက်တာပေါ့နော် အမှုကို ပလပ်လိုက်တယ်။ ဒီအမှုကို မစစ်တော့ဘူးပေါ့။ စစ်ဆေးရန်မလိုတော့တဲ့အတွက် ပိတ်သိမ်းလိုက်တဲ့သဘောပါပဲ။ ရာဇသတ်ကြီး ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၃ပါ ခင်ဗျ။ ၂၀၃ အရ ဒီအမှုကို ပလပ်လိုက်တာပေါ့။ ဆိုလိုတာက ကိုသက်မျိုးဦးရဲ့လျှောက်လွှာကို မစစ်ဆေးပဲ ပယ်လိုက်တဲ့သဘောပေါ့။"

မဘသ ဆရာတော် ဦးဝီရသူနဲ့ မဘသအဖွဲ့အပေါ် မလျော်မကန် ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဆွေ ဝင်းကို အရေးယူပေးဖို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူ ကိုသက်မျိုးဦးရဲ့ တိုင်ကြားမှုကို ကျောက်တံတား မြို့နယ် တရားရုံးက ပလပ်လိုက်တာပါ။

ဒီတိုင်ကြားချက်ကို ကျောက်တံတားမြို့နယ် တရား ရုံးက ပယ်ချလိုက်ပေမယ့်လဲ ခရိုင်၊ တိုင်းတရားရုံးတွေအထိ အဆင့်ဆင့် တိုင်ကြားသွားအုံးမှာ ဖြစ်တယ် လို့ ကိုသက်မျိုးဦးက ပြောပါတယ်။

" ကျနော့်ရှေ့နေဆက်လုပ်ပါမယ်။ ခရိုင်ဆက်တက်မယ်။ တိုင်း ဆက်တက်မယ်။ တရားလွှတ်တော် ဆက်တက်မယ်ခင်ဗျ။ ကျနော်က ဒီဟာ အဆင်မပြေဘူး ကျနေ်ာတို့ ဘာသာ၊ သာသနာအတွက် အဆင်မပြေဘူးထင်လို့ ကျနော်က ဦးတိုက်လျှောက်ခဲ့တာလေ။ ကျနော် လျှောက်လို့ရသလောက်လျှောက်မယ် သူတို့ကလည်း သူတို့လုပ်ပိုင်ခွင့်ထဲက ပယ်ချချင်လည်း ပယ်ချပေါ့။"

ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီ ဆိုတဲ့အကြောင်းတွေ လူမှုကွန်ယက်မှာ ရေးသားခဲ့ တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဆွေဝင်းကို မန္တလေး မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းမှာ ကိုကျော် မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားပါသေးတယ်။

ဒီအမှုနဲ့ ပတ် သက်လို့တော့ ဧပြီ ၅ရက်နေ့က မန္တလေး မဟာအောင်မြေ အမှတ် ၇ ရဲစခန်း တာဝန်ရှိသူတွေက ကိုဆွေဝင်းကို စစ်ချက်ယူတာ၊ သက်သေခံပစ္စည်းရယူတာတွေ လုပ်ခဲ့ပါတယ်။

ဒီအမှုဟာ စုံစမ်းစစ်ဆေးတဲ့ အဆင့်ပဲ ရှိသေးတာဖြစ်ပြီး အမှုတွဲတည်ဆောက်ပြီး တရားရုံး တင်ပြမလားဆိုတာကိုတော့ ဧပြီလ ၂၄ ရက်နေ့ နောက်ပိုင်းမှ သိနိုင်မယ်လို့ ကိုဆွေဝင်းရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"ကိုကျော်မျိုးဆွေရဲ့တိုင်ကြားချက်ကို တိုင်ကြားချက်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ရဲကနေ စုဆောင်းတဲ့ စုံစမ်းစစ်ဆေးတဲ့အဆင့်ပဲရှိသေးတယ်။ သူက အမှုကို မတင်ရသေးတာ နှစ်ဆင့် ဆက်လုပ်ဖို့ကျန်ပါတယ်။ မဟာအောင်မြေမြို့နယ် ဥပဒေအရာရှိထံ ရဲက တင်ပြပေးရပါတယ်။ တရားစွဲအဖွဲ့အစည်းဖြစ်တယ်။ ရဲက တိုက်ရိုက်စွဲလို့မရဘူး။ ဥပဒေအရာရှိကို တင်ပြတဲ့အခါမှာ ဥပဒေအရာရှိက အမှုက မခိုင်လုံဘူးဆို သူပယ်ချပါလိမ့်မယ်။ သို့မဟုတ် ဒီစွပ်စွဲချက်ထဲက အကြောင်းအရာတခုခုကို ကိုဆွေဝင်းက ဖြေရှင်းပေးဖို့တာဝန်ရှိတယ်လို့ ဥပဒေအရာရှိက သုံးသပ်လို့ရှိရင်တော့ ဒီအမှုတွဲကြီးကို တည်ဆောက်ပြီးတော့ မြို့နယ်တရားရုံးကို တင်ရပါမယ်။ ကျနော်တို့ အဖြေတိတိကျကျ သိရမှာက လာမယ့် ၂၄ရက်နေ့ ၂၈ရက်နေ့ ကြားထဲမှာ ဥပဒေအရာရှိ ဆီက သိရပါမယ်။"

ကိုဆွေဝင်းရဲ့ရေးသားပြောဆိုချက်တွေဟာ ဦးဝီရသူကို အသ ရေဖျက်ရာ မရောက်ဘူး လို့ သုံးသပ်ကြောင်း၊ သာသနာကို ညှိစွန်းတဲ့ အချက်တွေ မပါရှိကြောင်း သာသနာရေး ဝန်ကြီးဌာနက ဧပြီ လ ၅ ရက်နေ့မှာ အကြောင်းပြန်ကြားထားတာလဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG