သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မှာ မြန်မာ ၄ တန်း၊ ၈ တန်း စာမေးပွဲ အောင်ချက်ကောင်း


မြဝတီမြို့မှာ အစိုးရစစ်စာမေးပွဲ သွားရောက်ဖြေဆိုကြတဲ့ ရွှေ့ပြောင်းကျောင်းသားကျောင်းသူများ။
မြဝတီမြို့မှာ အစိုးရစစ်စာမေးပွဲ သွားရောက်ဖြေဆိုကြတဲ့ ရွှေ့ပြောင်းကျောင်းသားကျောင်းသူများ။

ထိုင်း-မြန်မာနယ်စပ်က ကျောင်းပေါင်း ၇၂ ကျောင်းထဲက မြန်မာအစိုးရစစ် ၄တန်းနဲ့ ၈တန်းစာမေးပွဲတွေကို ကျောင်းပေါင်း ၂ရ ကျောင်းက ကျောင်းသူကျောင်းသားပေါင်း ၆၀၀လောက် ဝင်ရောက်ဖြေဆိုခဲ့ရာမှာ မတ်လ၂၃ရက်နေ့ အောင်စာရင်း ထုတ်ပြန်ချက်အရ ရာနှုံးပြည့်နီးပါးအောင်မြင်ခဲ့ကြောင်း ရွှေ့ပြောင်းမြန်မာဆရာဆရာမများ အစည်းအရုံးရဲ့ဥက္ကဋ္ဌ ဒေါ်ရွှေဇင်ဝင်းက ပြောပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရစစ် ၄တန်းနဲ့၈တန်းစာမေးပွဲကို ရွှေ့ပြောင်း စာသင်ကျောင်းပေါင်း ၂၇ကျောင်း ကျောင်းသားကျောင်းသူပေါင်း ၆၀၀နီးပါး ဝင်ရောက်ဖြေဆိုရာမှာ ရာခိုင်နှုံးပြည့်အောင်မြင်ခဲ့တာပါ။ မြန်မာအစိုးရ စစ်စာမေးပွဲ ဖြစ်တဲ့ ၄ တန်းနဲ့ ၈ တန်းစာမေးပွဲတွေကို မဲဆောက်မြို့က စာစစ်ဌာန ၃ ခုကနေ ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်၊ မတ်လ ၂၃ရက်နေ့ အစိုးရက နေ အောင်စာရင်းထုတ်ပြန်ခဲ့ရာမှာ ရာခိုင်နှုံးပြည့်နီးပါးအောင်မြင်ခဲ့တယ်လို့ ရွှေ့ပြောင်းမြန်မာဆရာဆရာမများ အစည်းအရုံးရဲ့ဥက္ကဋ္ဌ ဒေါ်ရွှေဇင်ဝင်းက ပြောပါတယ်။

"ကျောင်းပေါင်း ၂၇ကျောင်း ဝင်ဖြေတယ်။ လေးတန်းနဲ့ ရှစ်တန်း ကလေးတွေ ။ လေးတန်း ကလေး ဖြေဆိုသူပေါင်းက ၄၃၇ ယောက်ရှိတယ်။ ရှစ်တန်းက ၁၃၃ ယောက်ရှိတယ်။ အားလုံး Final Exam မှာ ဝင်ဖြေတဲ့ ကလေးတိုင်း အောင်မြင်ကြတယ်။ ကျတဲ့ကလေးဆိုလို့ အကြောင်းကြောင်းကြောင့် ဝင်မဖြေတဲ့ကလေး လေးငါးယောက်လောက်ပဲ ကျတဲ့ကလေး အနေအထားရှိပါတယ်။ ဖြေဆိုသူအားလုံး အောင်တဲ့အတွက် ရာခိုင်နှုန်းပြည့် အောင်တယ်လို့ ပြောလို့ရပါတယ်။"

မြန်မာနိုင်ငံက အစိုးရစစ်စာမေးပွဲကိုဖြေဆိုခဲ့ရာမှာ ပညာရေးစနစ် အပြောင်းအလဲလုပ်ပြီးနောက် အရင်တုန်းကလို ကုစားပြန်ဖြေဆိုခွင့်တွေ မရှိတော့ပေမဲ့ ပထမအစမ်းနဲ့ ဒုတိယအစမ်းစာမေးပွဲက ရလဒ်တွေကိုပြန်သုံးသပ်ပြီး စာမေးပွဲအောင်သင့်တဲ့ကလေးတွေရဲ့အချက်အလက်တွေကို စုဆောင်းကာ စာမေးပွဲကြီးမှာ သုံးသပ်မှုတွေ လုပ်သွားတယ်လို့လည်း ဆက်ပြောပြပါတယ်။

"အောင်ချက်ကတော့ ပြီးခဲ့တဲ့နှစ်က ကျတဲ့ကလေးတွေရှိတယ်။ သို့သော်လည်း ကုစား ဆိုတာရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပညာရေးစနစ်ကပြောင်းလဲတယ်ပေါ့။ ပြောင်းလဲတဲ့စနစ်ကို ဘယ်လိုပုံစံလည်း ဆိုတော့ ကုစားပုံစံ မရှိတော့ဘူး။ ကုစားပုံစံ မရှိတော့ပဲနဲ့ နောက်ဆုံးအဆင့် ကျတဲ့ကလေးကို အရင်နှစ် နှစ်ဝက်စာမေးပွဲတွေမှာ ဖြေထားတဲ့ သူတို့ရဲ့ စာရင်းဇယားတွေကို ပြန်တောင်းတယ် ပြီးတော့ သူတို့ရဲ့ အတန်းတက်နှုန်းတွေ သူတို့ရဲ့ စာရိတ္တတွေ ကျောင်းမှာ ပူးပေါင်းပါဝင်မှု အချက်အလက်တွေ ပြန်ပြီးတော့ ကောက်ယူတယ်။ ဒီအချက်အလက်တွေကို ပူးပေါင်းပြီးတော့မှ အောင် အောင် ပြန်ပေးထားတဲ့ စနစ်ပုံစံမျိုးဖြစ်နေတယ်။"

ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာ ကျောင်းတွေဆက်ဖွင့်ဖို့ အခက်အခဲရှိနေပြီး သင်ရိုးညွန်းတန်းကို သင်ကြားဖို့အတွက် ဆရာ မလုံလောက်တာ အရည်သွေးပြည့်မှီတဲ့ဆရာတွေကို မဌားရမ်းနိုင်တာ အလှူရှင်တချို့ဟာ မြန်မာနိုင်ငံအတွင်းပိုင်းတွေကိုပဲ ကူညီခဲ့တာတွေဖြစ်လာပြီးတဲ့နောက်မှာတော့ ရွှေ့ပြောင်းကျောင်းဆရာတွေရဲ့ရည်တည်ရေးကိုဖြည့်ဆည်းပေးနိုင်တာတွေ အားနည်းခဲ့ပါတယ် ဒီလို အောင်မြင်အောင်သင်ကြားနိုင်ဖို့က အတော်ကိုအားထုတ်ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

" သင်ရိုးပိုင်းမှာလည်း ကလေးတွေရဲ့ ဘာသာစကားအခက်အခဲတွေ၊ အထူးသဖြင့် ဆရာတွေ မလုံလောက်တာပေါ့။ ဆရာတွေ မလုံလောက်ဘူး သင်ထောက်ကူပစ္စည်းတွေ မလုံလောက်ဘူး။"

အခုဆိုရင် မြန်မာပြည်အစိုးရစစ်စာမေးပွဲကို ရွှေ့ပြောင်းကျောင်းသားတွေ ဝင်ရောက်ဖြေဆိုတာ ၄နှစ်မြောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀ တန်း အစိုးရစစ်အောင်ချက်က ၁၇ ရာခိုင်နှုန်း ရှိခဲ့တယ်လု့ိ ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအစိုးရက အသိမှတ်ပြုထားတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၆၁ ကျောင်းနဲ့ ကျောင်းခွဲပေါင်း ၁၁ ခုနဲ့ဆိုရင် ကျောင်းပေါင်း ၇၂ ကျောင်းရှိပြီး ကျောင်းသားပေါင်း ၁,၄၀၀၀ ကျော် စာသင်ကြားနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG