သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေပြင်းမုန်တိုင်း သေဆုံးသူ အနည်းဆုံး ၈ ဦးရှိပြီ


Oklahoma မြို့က မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ လျှပ်စစ်မီးကြိုးတွေကို မီးသတ်တပ်ဖွဲ့က ပြင်ဆင်နေစဉ်
Oklahoma မြို့က မုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ လျှပ်စစ်မီးကြိုးတွေကို မီးသတ်တပ်ဖွဲ့က ပြင်ဆင်နေစဉ်

အမေရိကန်ပြည်ထောင်စု Texas, Arkansas, Missouri နဲ့ Mississippi ပြည်နယ်တွေမှာ လေဆင်နှာမောင်းနဲ့ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၈ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။

တက္ကဆက်ပြည်နယ်အရှေ့ခြမ်းမှာ အဆိုးဆုံးခံခဲ့ရတာဖြစ်ပြီး ဆက်တိုက်ဖြစ်ပေါ်လာတဲ့ လေဆင်နှာမောင်းတွေကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ရသလို အကြီးအကျယ် ထိခိုက်ပျက်ဆီးမှုတွေ ကြုံရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

သေဆုံးသူ ၄ ဦးစလုံးဟာ Dallas မြို့အရှေ့ခြမ်းက လူတွေဖြစ်ကြောင်း အာဏာပိုင်တွေက ပြောသလို လူပေါင်း ၅၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသန္တရ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။

အိမ်နီးချင်း Arkansas ပြည်နယ်မှာတော့ သေဆုံးသူ ၂ ဦးထက်မနည်းရှိခဲ့ပြီး အခြား လူနှစ်ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ Arkansas ပြည်နယ်အတွင်းမှာရှိတဲ့ DeWitt အရပ်မှာ သစ်ပင်ကျိုးကျ ရာကနေ အသက် ၆၅ နှစ် အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ရသလို Springdale မှာတော့ ရေကြီးတဲ့ ဒဏ်ကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ ရပါတယ်။ ရေနဲ့အတူ မျှောပါသွားတဲ့ ကားထဲမှာ ပါသွားနိုင်တဲ့ ပျောက်ဆုံးနေဆဲ ကလေးငယ်နှစ်ဦးကိုလည်း ရဲတွေက ရှာဖွေနေကြပါတယ်။

စနေနေ့တုန်းက လမ်းပေါ်မှာ အပြင်းအထန် စီးဆင်းလာတဲ့ရေတွေကြောင့် ကားနဲ့မျှောပါသွားတဲ့ အသက် ၇၂ အရွယ် အမျိုးသမီးတဦးကို သူ့ရဲ့ အမျိုးသားက ကယ်တင်ဖို့ကြိုးစာခဲ့ပေမယ့် ရေနစ်သေဆုံးသွားခဲ့တယ်လို့ Missouri အဝေးပြေးလမ်း ရဲတွေကပြောပါတယ်။

Mississippi ပြည်နယ် Durant မြို့မှာတော့ အိမ်ပေါ်ကို သစ်ပင်ကျိုးကျရာကနေ လူတဦးသေဆုံးခဲ့ ပါတယ်။ စနေနဲ့ တနင်္ဂနွေနေ့တွေ အတွင်း Mississippi ပြည်နယ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂ သောင်း ၃ ထောင် လောက် လျှပ်စစ်မီးမရပဲ နေခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG