သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ အိုလံပစ် အကြီးအကဲ နှုတ်ထွက်


FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်လည်းဖြစ်၊ OCA - အာရှအိုလံပစ် ကောင်စီဝင်လည်းဖြစ်တဲ့ Sheikh Ahmad ရာထူးကနှုတ်ထွက်
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်လည်းဖြစ်၊ OCA - အာရှအိုလံပစ် ကောင်စီဝင်လည်းဖြစ်တဲ့ Sheikh Ahmad ရာထူးကနှုတ်ထွက်

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်လည်းဖြစ်၊ OCA - အာရှအိုလံပစ် ကောင်စီဝင်လည်းဖြစ်တဲ့ Sheikh Ahmad Al-Fahad Al-Ahmed Al-Sabah က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်း နောက်ဆုံး ဖြစ်ပေါ်နေတဲ့ လာဘ်ပေး လာဘ်ယူမှုတွေထဲမှာ သူ ပါဝင် ပတ်သက်နေတဲ့အတွက် ရာထူးအားလုံးကနေ နှုတ်ထွက်မယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ အမှားအယွင်း တစုံတရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ကူဝိတ်နိုင်ငံသားဖြစ်တဲ့ Sheikh Ahmad က တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ FIFA အဖွဲ့ရဲ့ စာရင်းစစ်နဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် Richard Lai ရဲ့ လာဘ်ပေး လာဘ်ယူမှုထဲမှာ Sheikh Ahmad လည်း ပါဝင်ကြောင်း ရုံးတော်ကိုတင်တဲ့ အထောက်အထားတွေမှာ ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

Guam ကျွန်း ဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Lai က တရားမဝင် ငွေကြေး လွဲပြောင်း လက်ခံ ရရှိခဲ့မှုအတွက် အပြစ်ရှိကြောင်း နယူးယောက်မြို့က အမေရိကန် ခရိုင်တရားရုံးမှာ ကြာသပတေးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။ သူ့အနေနဲ့ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးအဖွဲ့အတွင်း ကြီးမားတဲ့ အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးကော်မတီကို ၂၀၁၅ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး ကော်မတီအသစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

Sheikh Ahmad အနေနဲ့ ရာထူးက အခုလို နှုတ်ထွက်သွားတဲ့အတွက် ကျေးဇူးတင်ကြောင်း FIFA ဥက္ကဋ္ဌ Ganni Infantino က ပြောပါတယ်။

အာရှ အိုလံပစ် အကြီးအကဲ နှုတ်ထွက်
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG