သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတိုးလာချိန်မှာလစာတိုးပေးတဲ့ ဗင်နီဇွဲလားသမ္မတ


ဗင်နီဇွဲလားနိုင်ငံက ဆန္ဒပြမှု
ဗင်နီဇွဲလားနိုင်ငံက ဆန္ဒပြမှု

ဗင်နီဇွဲလားသမ္မတ Nicolas Maduro က သူ ရာထူးက နှုတ်ထွက်ပေးရေး တောင်းဆို ဆန္ဒပြမှုတွေ အားကောင်းလာနေတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဝန်ထမ်းလစာတွေကို တိုးမြင့်ပေးပြီး အိမ်တွေကိုလည်း အခမဲ့ ပေးဝေနေပါတယ်။

မလ ၁ ရက်နေ့ကစပြီး အနိမ့်ဆုံး လစာငွေကို ၆၀% တိုးမြင့်ပေးမယ်လို့ သမ္မတ Maduro က တနင်္ဂနွေနေ့က ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။ အလုပ်သမားတွေအနေနဲ့ အစားအသောက်အတွက် ထောက်ပံ့ကြေး အပါအဝင် အနိမ့်ဆုံး လစာငွေ bolivars ၂ သိန်းစီ ရကြမှာ ဖြစ်ပါတယ်။ အဲဒီ ငွေပမာဏဟာ မှောင်ခို ငွေလှဲနှုန်းအရ အမေရိကန် ဒေါ်လာ ၅၀ နဲ့ ညီမျှပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း ရာဂဏန်းနဲ့ချီ မြင့်တက်လာနေတာကြောင့် အလုပ်သမားတွေရဲ့ စုဆောင်းငွေတွေလည်း တဖြည်းဖြည်း ပပျောက်ကုန်တာကြောင့် အခုနှစ်အတွင်းမှာတင် ၃ ကြိမ်မြောက် လစာ တိုးမြင့်ပေးတာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ နေအိမ်တိုက်ခန်းတွေရဲ့ သော့တွေကို ပြည်နယ်အတော်များများက အစိုးရ တာဝန်ရှိသူတွေက ပေးနေတာကိုလည်း သမ္မတက ရုပ်သံကနေ ကြည့်ရှုခဲ့ပါတယ်။

ဒီမိုကရက်တစ် စံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ သမ္မတ ရာထူးက နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုတွေအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဧပြီလအတွင်းမှာတင် လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဆန့်ကျင်သူတွေဟာ သူ့ကို ရာထူးက ဖြုတ်ချဖို့အတွက် ပူးပေါင်း ကြံစည်နေကြတာလို့ သမ္မတ Maduro က စွပ်စွဲ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG