သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကောလိပ်ဝင်ခွင့် TOEFL ကိုယ်စားဖြေမှု တရုတ်ကျောင်းသား ၄ ဦး အဖမ်းခံရ


ဘော်စတွန်က TOEFL သင်တန်းကျောင်းမြင်ကွင်း။
ဘော်စတွန်က TOEFL သင်တန်းကျောင်းမြင်ကွင်း။

အမေရိကန် ပြည်ထောင်စုမှာ ကောလိပ်ကျောင်းဝင်ခွင့်ရဖို့ မမှန်မကန် ကြိုးပမ်းခဲ့မှုနဲ့ တရုတ်ကျောင်းသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ Massachusetts ပြည်နယ်၊ Cambridge မှာရှိတဲ့ Hult နိုင်ငံတကာ စီးပွားရေး ကျောင်းသူ Yue Wang ဟာ ကောလိပ်ဝင်ခွင့် အင်္ဂလိပ်စာအရည်အချင်းစစ် TOEFL စာမေးပွဲကို လူစားထိုးဖြေဆိုပေးခဲ့ကြောင်း Boston မြို့က အစိုးရရှေ့နေရုံးက ပြောဆိုခဲ့တာပါ။

သူအစားဖြေဆိုပေးခဲ့တဲ့ TOEFL ရလဒ်တွေနဲ့ Shikun Zhang အသက် ၂၄ နှစ်၊ Leyi Huang ၂၁ နှစ်နဲ့ Xiaomeng Cheng အသက် ၂၁ နှစ် တို့ဟာ Northeastern တက္ကသိုလ်၊ Pennsylvania ပြည်နယ်တက္ကသိုလ်နဲ့ Arizona ပြည်နယ် တက္ကသိုလ်တွေကို ဝင်ခွင့်ရရှိခဲ့ကြောင်းလည်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့ ၃ ဦး စလုံးဟာ ကောလိပ်ဝင်ခွင့် TOEFL အောင်မှတ် မရခဲ့ကြတဲ့အတွက် အသက် ၂၅ နှစ်အရွယ်ကျောင်းသူ Wang ကို ဒေါ်လာ ၇ ထောင်လောက်ပေးပြီး လူစားဖြေဆိုခိုင်းခဲ့တာ လို့လည်း တရားရုံး အထောက်အထားတွေကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ ကောလိပ်ကျောင်း ဝင်ခွင့်ရခဲ့တဲ့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျောင်းသားဗီဇာ ထုတ်ပေးထားတာပါ။

ဖမ်းဆီးခံထားရသူ ကျောင်းသား ၄ ယောက် စလုံးကိုတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူထားပြီး၊ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ် ဆိုရင်တော့ အမြင့်ဆုံး ၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနိမ့်ဆုံး ဒေါ်လာ ၂ သိန်းခွဲ ဒဏ်ငွေဖြစ်စေ အပြစ်ပေးနိုင်တယ်လို့လည်း အစိုးရရှေ့နေရုံး ကြေညာချက်က ဖော်ပြပါတယ်။

၂၀၁၅ ခုနှစ်မှာတုန်းကလည်း စာမေးပွဲကို အစားထိုး ဖြေဆိုခိုင်းတဲ့ အမှုနဲ့ တရုတ်နိုင်ငံသား ၁၅ ယောက်ကို အမေရိကန် တရားရေးဌာနက အရေးယူခဲ့ဖူးပါတယ်။ အမေရိကန်က အဆင့်မြင့်ပညာရေးနဲ့ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့ အမေရိကန် ကောလိပ်နဲ့ တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားအရေအတွက် တိုးလာနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ တသိန်း၊ ၃ သောင်း၊ ၅ ထောင်ကျော် ရှိခဲ့ကြောင်းလည်း နိုင်ငံတကာ ပညာရေးဌာနရဲ့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG