သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးခြားဆွေးနွေးမှုနဲ့ ပတ်သက်လို့ FBI အကြီးအကဲဟောင်းကို သမ္မတ Trump သတိပေး


သမ္မတ Trump က သူ့ရဲ့တွီတာ လူမှုကွန်ရက်ပေါ်မှာ ရေးသားတဲ့စာ။
သမ္မတ Trump က သူ့ရဲ့တွီတာ လူမှုကွန်ရက်ပေါ်မှာ ရေးသားတဲ့စာ။

ရာထူးကနေ ဖယ်ရှားခံရတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွန်ကြားရေးမှူး James Comey နဲ့ သမ္မတ ထရမ့် ဒီနှစ် အစောပိုင်းတုန်းက နှစ်ကိုယ်ကြား တွေ့ဆုံ စကားပြောခဲ့တာနဲ့ ပတ်သက်ပြီး လျှို့ဝှက် မှတ်တမ်းတွေ ရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုး သမ္မတ Donald Trump က ပြောဆိုပါတယ်။ James Comey နဲ့ သူ့ရဲ့ ဆွေးနွေး ပြောဆိုခဲ့မှုတွေကို Comey က အသံမဖမ်းထားခဲ့ဘူး၊ ပြီးတော့ သူတို့ရဲ့ ပြောဆိုမှုတွေကို သတင်း မီဒီယာတွေကို ဖောက်ချတာမျိုး မလုပ်ဘူးလို့ သူ မျှော်လင့်ကြောင်း ခြိမ်းခြောက်တဲ့လေသံမျိုး နဲ့ ဒီကနေ့ မနက်အစောပိုင်းက သမ္မတ Trump က သူ့ရဲ့တွီတာ လူမှုကွန်ရက်ပေါ်မှာ ရေးထားတာကတော့ ရေးထားပါတယ်။

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့က အင်တာနက်ကနေ ဝင်ရောက်နှောက်ယှက်ခဲ့တယ် … ရုရှားအစိုးရနဲ့ Trump ရွေးကောက်ပွဲ မဲဆွယ်ရေး အဖွဲ့ကြားမှာ ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ ဦးဆောင် စုံစမ်းနေတဲ့ မစ္စတာ Comey ကို သမ္မတ Trump က အင်္ဂါနေ့မှာ ရာထူးက ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ တုန်းက FBI ညွှန်ကြားရေးမှူး James Comey ကို သမ္မတ အိမ်ဖြူတော်ကို ဆင့်ခေါ်ပြီး သူ့အပေါ် သစ္စာခံဖို့ ပြောကြားခဲ့တဲ့ အကြောင်း အမေရိကန် သတင်းစာကြီးတစောင်ကလည်း ကြာသပတေးနေ့မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ မစ္စတာ Comey ကို သမ္မတ Trump က FBI အကြီးအကဲ ရာထူးကနေ ဖယ်ရှားပစ်လိုက်တာကြောင့် နိုင်ငံရေး ပြဿနာတွေ ပေါ်လာပြီး တချို့ကိစ္စတွေမှာ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေပါ ဖြစ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာနေပါတယ်။

မစ္စတာ Comey က သမ္မတ Trump ကို ကတိသစ္စာခံဖို့ ငြင်းပေမဲ့လို့ သူ့ဘက်က ပွင်းလင်းရိုးသားမယ့် အကြောင်းကို ပြောခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ သမ္မတ Trump ဟာ သူ့အပေါ်သစ္စာခံဖို့ မစ္စတာ Comey ကို အကြိမ်ပေါင်းများစွာ ဖိအားပေးခဲ့ပြီး နောက်ဆုံးမှာတော့ မစ္စတာ Comey က - သူ့အနေနဲ့ FBI ညွှန်ကြားရေးမှူး တယောက်ရဲ့ ရိုးသားတဲ့သစ္စာခံမှု ရှိရပါစေမယ်လို့ သမ္မတကို ပြန်ပြောခဲ့ဲတဲ့အကြောင်း သတင်းစာမှာ ဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG