သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

One Belt One Road ရုရှားစိတ်ဝင်စား


အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေးလမ်းနဲ့ ဆက်သွယ်မယ့် တရုတ်ရဲ့ One Belt -One Road ခေတ်သစ် ပိုးလမ်းမကြီး
အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေးလမ်းနဲ့ ဆက်သွယ်မယ့် တရုတ်ရဲ့ One Belt -One Road ခေတ်သစ် ပိုးလမ်းမကြီး

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တနင်္ဂနွေနေ့စတင်မယ့် Belt and Road Forum ထိပ်သီးဆွေးနွေးပွဲကို ရုရှားသမ္မတ Vladimir Putin လည်း တက်ရောက်မှာဖြစ်ပါတယ်။ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေးလမ်းနဲ့ ဆက်သွယ်မယ့် တရုတ်ရဲ့ One Belt -One Road ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းမှာ ရုရှားကလည်း ရင်းနှီးမြှုပ်နှံဖို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တွေဖွင့်နိုင်ဖို့လိုလားနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ်က ဒေါ်လာဘီလျံသန်းချီအကုန်ခံလုပ်နေတဲ့ ဒီစီမံကိန်းကြီးနဲ့ပါတ်သက်လို့ အသေးစိတ်တိတိကျကျမသိရသေးသလို ရေရှည်အကျိုးတွေက ဘယ်လိုရှိမလဲ ဆိုတာလည်း မသိရသေးပေမဲ့ ရုရှားကတော့ အဓိက ငွေကြေးအကျိုးအမြတ်အတွက် ပါဝင်လိမ့်မယ်လို့ မော်စကိုမြို့တော်မှာရှိတဲ့ သုံးသပ်သူတွေက ပြောပါတယ်။

ယူကရိန်းကို စစ်ရေးကျူးကျော်မှုကြောင့် ရုရှားအစိုးရအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်ထားချိန်မှာ ရုရှားအစိုးရအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအနာဂါတ်အတွက် အရှေ့ဖက်ကိုအာရုံစိုက်တဲ့ မူဝါဒပြောင်းနိုင်တယ်လို့ ရုရှားတာဝန်ရှိသူတချို့နဲ့ လေ့လာသူတွေက ပြောပါတယ်။

တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာကျင်းပမယ့် Forum မှာ သဘောတူစာချုပ်ပေါင်း ၅၀ ကျော်လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ Belt and Road Forum ကိုတက်ရောက်ကြမယ့်ထဲမှာ ရုရှားဦးဆောင်တဲ့ အာရှဥရောပ စီးပွားရေးသမဂ္ဂ၊ EAEU ကိုတည်ထောင်သူတွေထဲမှာပါတဲ့ Belarus နဲ့ Kazakhstan ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

အရင်ဆိုဗီယက်ပြည်ထောင်စုက ခွဲထွက်သွားတဲ့နိုင်ငံတွေကြား စီးပွားရေး တသားတည်းဖြစ်အောင် EAEU ကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပေမဲ့ ရုရှားအစိုးရက ပထဝီနိုင်ငံရေးအသာရအောင်နဲ့ သြဇာလွှမ်းမိုးနိုင်ဖို့ ဒီအဖွဲ့ကို အသုံးချသလို၊ တခြားအဖွဲ့ဝင်နိုင်ငံတွေကလည်း စီးပွားဆက်ဆံရေးတိုးတက်အောင် လုပ်ချင်တဲ့ဆန္ဒ မရှိသလောက်ဖြစ်တယ်လို့ အကဲခတ်တချို့ကဝေဖန်ကြပါတယ်။

One Belt One Road ရုရှားစိတ်ဝင်စား
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG