သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ပူးတွဲလေ့ကျင့်ဖို့ တရုတ်ရေတပ် ရန်ကုန်မြို့ရောက်ရှိ


ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ တရုတ်စစ်ရေယာဉ်တွေကိုကြည့်ရှု့လေ့လာနေကြစဉ်။ သတင်းဓာတ်ပုံ- MOI
ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ တရုတ်စစ်ရေယာဉ်တွေကိုကြည့်ရှု့လေ့လာနေကြစဉ်။ သတင်းဓာတ်ပုံ- MOI

တရုတ် နဲ့ မြန်မာ ၂ နိုင်ငံ ရေတပ် ပူးတွဲလေ့ကျင့်မှုတွေပြုလုပ်ဖို့အတွက် တရုတ်ရေတပ်သင်္ဘောတွေ မြန်မာနိုင်ငံကိုရောက်ရှိနေပါတယ်။ တရုတ်ရေတပ်သင်္ဘောတွေဟာ မြန်မာရေတပ်နဲ့အတူ ဆက်သွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး နဲ့ တခြား ပူးတွဲလေ့ကျင့်မှုတွေ လုပ်သွားဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ လာရောက်တဲ့ တရုတ်စစ်သင်္ဘောတွေဟာ ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က စတင်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြောခွင့်ရ Wu Qian ပြောထားတာကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂ နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ပြီး၊ ၊ ဒေသတွင်းငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုရှိအောင် အကာအကွယ်ပေးနိုင်ဖို့အတွက် ပူးတွဲဆောင်ရွက်မှုတွေလုပ်ဆောင်နေတဲ့တချိန်တည်းမှာပဲ၊ မြန်မာနိုင်ငံနဲ့ ဗျူဟာမြောက်တဲ့ ဆက်သွယ်ရေးတွေ အားကောင်းလာစေဖို့ နဲ့ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံဘက်က ဆန္ဒရှိတယ်လို့ ဝူကျန်းကပြောပါတယ်။

နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်အတွင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်တဲ့ မူဘောင်တွေကို ချမှတ်ဖို့ တရုတ် နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူခဲ့တဲ့နေ့မှာပဲ တရုတ်သင်္ဘောတွေ မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG