သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားလေတပ်စခန်း တိုက်ခိုက်ခံရမှု စစ်သား ၁၄၀ ကျော်သေဆုံး


လစ်ဗျားလေတပ်စခန်း။
လစ်ဗျားလေတပ်စခန်း။

လစ်ဗျားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်မှုအတွင် ၁၄၁ ယောက်သေဆုံးသွားတယ်လို့ ပြည်သူစစ်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အဲဒီထဲက သေဆုံးသူအများစုဟာ လစ်ဗျားစစ်တပ် ဗိုလ်ချုပ်ကြီး ခါလီဖာဟဖ်တာရဲ့ တပ်က တပ်သားအများစုဖြစ်တယ်လို့ ပြောပါတယ်။

Brak-al-Shati လေတပ်အခြေစိုက်စခန်းကို ထရီပိုလီမှာရှိတဲ့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားတဲ့ လစ်ဗျားအစိုးရကိုသစ္စာခံတဲ့ ပြည်သူ့စစ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောခွင့် အာမက်အယ်လ်မစ္စမာရီက AFP သတင်းဌာနကို ပြောပါတယ်။

အဲဒီစစ်သားတွေဟာ စစ်ရေးပြအခမ်းအနားကနေ ပြန်လာနေတာဖြစ်ပြီး ၊ လက်နက်တွေ ကိုင်ဆောင်ထားခြင်းမရှိပဲ၊ အများစုက ကွပ်မျက်ခံရတာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း တခြားထိခိုက်သေဆုံးသွားတဲ့သူတွေကတော အဲဒီစစ်အခြေစိုက်စခန်းမှာ အလုပ်လုပ်နေတဲ့ အရပ်သားတွေ နဲ့ အဲဒီနားက လူတွေဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးသွားဖို့ ကတိပြုလိုက်ပြီ၊ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကို မဖော်ထုတ်နိုင်မချင်း ကာကွယ်ရေးဝန်ကြီးကို တာဝန်ကနေ ဆိုင်းငံ့သွားနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG