သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 ထိပ်သီးညီလာခံမှာ မြောက်ကိုရီးယားအရေး ဆွေးနွေးမည်


G-7 summit
G-7 summit

မြေထဲပင်လယ်အတွင်းက အကြီးဆုံးဖြစ်တဲ့ Sicily ကျွန်းမှာ ဒီကနေ့သောကြာနေ့ စတင်ကျင်းပမယ့် စက်မှု ထိပ်သီး ၇ နိုင်ငံရဲ့ အစည်းအဝေးအတွင်း အကြမ်းဖက်မှုနဲ့ မြောက်ကိုရီးယားအရေးဟာ ဆွေးနွေးစရာ အကြောင်းအရာတွေထဲ ထိပ်ဆုံးက ရှိနေလိမ့်မယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။

မြောက်ကိုရီးယားအရေး ပြဿနာကို ဖြေရှင်းဖို့ သေချာပေါက် ဆွေးနွေးမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အတူရှိနေချိန် သမ္မတထရမ့်က အခုလိုပြောတာပါ။ G 7 ထိပ်သီးအစည်းအဝေးပွဲအတွင်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနဲ့ ပါတ်သတ်ပြီး အဓိကဆွေးနွေးမှာဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ နျိူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ ကမ္ဘာ့ပြဿနာတရပ် ဖြစ်ပြီး တချိန်ချိန်မှာတော့ သေချာပေါက်ဖြေရှင်းရမှာပဲလို့ ထရမ့်က ပြောပါတယ်။

Taormina အပန်းဖြေမြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ကုန်သွယ်ရေးနဲ့ ပါတ်သတ်လို့လည်း ဆွေးနွေးကြမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေးဂဏ္ဍနဲ့ ပါတ်သတ်ပြီး ထရမ့်ရဲ့ ရပ်တည်ချက် ပျော့ပြောင်းလာဖို့ တခြားအဖွဲ့ဝင် ခေါင်းဆောင်တွေက မျှော်လင့်နေပါတယ်။

ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချဖို့လွန်ခဲ့တဲ့ ၂ နှစ်က ပဲရစ်စ် သဘောညီချက်စာချုပ်ကို အမေရိကန်က လက်မှတ်ရေးထိုးထားတာနဲ့ ပါတ်သတ်ပြီးဘယ်လို ထရမ့်အနေနဲ့ ရပ်တည်သွားမလဲဆိုတာကို အစည်းအဝေးအတွင်း ဆွေးနွေးဖို့ရှိကြောင်း သမ္မတ စီးပွါးရေးအကြံပေး Cohn က ပြောပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲအတွင်းတုန်းကတော့ ကမ္ဘာလုံးဆိုင်ရာပူနွေးမှုဟာ လူတွေရဲ့ စိတ်ကူးယဉ် ပြောကြားချက်တွေသာဖြစ်တယ်ဆိုပြီး ထရမ့်က ပြောကြားခဲ့ဘူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG