သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အကြမ်းဖက် တိုက်ခိုက်မှု အနည်းဆုံး ၂၆ ဦးသေ


Minya ဒေသက Samuel ဘုရားကျောင်းကို သွားတဲ့ လမ်းပေါ်မှာ တိုက်ခိုက်ခံရတဲ့သေဆုံးသူများ။
Minya ဒေသက Samuel ဘုရားကျောင်းကို သွားတဲ့ လမ်းပေါ်မှာ တိုက်ခိုက်ခံရတဲ့သေဆုံးသူများ။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ Coptic ခရစ်ယာန်တွေ စီးနင်းလာတဲ့ ဘတ်စ်ကားတစီးကို သေနတ်သမားတွေက ဒီကနေ့ တိုက်ခိုက်တာကြောင့် လူပေါင်း ၂၆ ဦးထက် မနည်းသေဆုံး သွားကြောင်း အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။ ကိုင်ရိုမြို့တောင်ပိုင်း မိုင် ၂၀၀ အကွာ Minya ဒေသက Saint Samuel ဘုရားကျောင်းကို သွားတဲ့လမ်းပေါ်မှာ တိုက်ခိုက်ခံရတာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောပါတယ်။

သေနတ်သမား ၈ ယောက်ကနေ ၁၀ ယောက်လောက်ဟာ စစ်ယူနီဖေါင်းတွေဝတ်ပြီး တိုက်ခိုက်တာလို့ မျက်မြင်သက်သေတွေက ပြောကြားသလို အော်တိုမက်တစ် မောင်းပြန်သေနတ်နဲ့ ပစ်ခတ်တာဖြစ်ကြောင်း Minya ဒေသ အုပ်ချုပ်ရေးမှူး Essam el-Bedawi က ရုပ်မြင်သံကြားမှာ ပြေကြားသွားပါတယ်။

မူစလင်တွေရဲ့ Ramadan ဥပုဒ်လ အကြိုနေ့က ဒီတိုက်ခိုက်မှုနဲ့ ပါတ်သတ်လို့ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုတာမျိုးမရှိသေးပါဘူး။ အီဂျစ်နိုင်ငံမှာ ခရစ်ယာန်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိနေပြီး အေပရယ်လ ၁၀ ရက်နေ့က ဝတ်ပြုဆုတောင်းနေတဲ့ Coptic ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းကို အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကြောင့် လူပေါင်း ၄၄ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရသွားပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS တွေက ပြောကြားထားပြီး နောက်ထပ်တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်လှုပ်ရှားနေသူ စစ်သွေးကြွတွေကို အီဂျစ်အစိုးရက နှိမ်နင်းနေတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ရံဖန်ရံခါမှာ အီဂျစ်နိုင်ငံတွင်းထိပါ ဝင်ရောက်တိုက်ခိုက်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG