သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာ


ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံ (The Kokang)
ကွမ်းလုံမြို့ကို သိမ်းပိုက်လိုက်ကြောင်း MNDAA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံ (The Kokang)

မကြာသေးခင်ကစ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း ဒီကနေ့ပဲ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးနဲ့ သိန်းနီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ TNLA တအောင်းပလောင် MNDAA ကိုးကန့် နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့လနှောင်းပိုင်းကစ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်း စစ်ဆင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG