သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် အစ္စရေးလ်တိုက်ခိုက်မှု အမေရိကန် မပါဝင်ဘူးလို့ ဝန်ကြီး Blinken ငြင်းဆို


အီတလီနိုင်ငံ Capri ကျွန်းမှာကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken။
အီတလီနိုင်ငံ Capri ကျွန်းမှာကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken။

သောကြာနေ့ အရုဏ်မတက်ခင် အီရန်နိုင်ငံထဲ အစ္စရေးက လေကြောင်းတိုက်ခိုက်မှာကို မတိုက်ခိုက်ခင်ကလေးမှာပဲ အမေရိကန်အစိုးရက သိရှိကြောင်း သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အတည်ပြုဖို့ ငြင်းဆိုခဲ့သလို ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန် ပါဝင်ပတ်သက်မှု မရှိကြောင်းလည်း ပြောပါတယ်။

အီတလီနိုင်ငံ Capri မှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီ ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးကို တက်ရောက်နေတဲ့ ဝန်ကြီး Blinken က အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေမှာ အမေရိကန်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောကြားခဲ့သလို G7 အဖွဲ့အနေနဲ့ ဒေသတွင်း စစ်မက် ကျယ်ပြန့်လာမှာကို ရှောင်ရှားဖို့ အာရုံစိုက် ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။


G7 အစည်းဝေးကို လက်ခံကျင်းပတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani ကတော့ အစ္စရေးက တိုက်ခိုက်ခါနီးမှာမှ ခုလို တိုက်ခိုက်မယ်ဆိုတဲ့သတင်းရကြောင်း အမေရိကန်က G7 နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့တာအတွက် အီရန်ကို အရေးယူဒဏ်ခတ်မှု အသစ်တွေ ချမှတ်မှာကို ဝန်ကြီး Blenken နဲ့ တခြား G7 နိုင်ငံခြားရေးဝန်ကြီးတွေက ကြေညေခဲ့တ ေဖြစ်ပြီး အခြေအနေ တင်းမာနေမှုတွေကို လေျှာ့ချဖို့တိုက်တွန်းခဲ့တာပါ။ ဒီတိုက်တွန်းချက်ကို အီရန်ဘက်က အခုအချိန်မှာ လက်ခံတဲ့အနေထား တွေ့နေရပါတယ်။

ဧပြီလ ၁၃ ရက်နေ့က အီရန်က ရာနဲ့ချီတဲ့ ဒရုန်းတွေ မစ်ဇိုင်းဒုံးကျည်တွေနဲ့ အစ္စရေးကို ပစ်ခတ်ခဲ့တာအတွက် အစ္စရေးဘက်က လက်တုန့်ပြန်တဲ့ သဘောနဲ့ ခုလို လေကြောင်းတိုက်ခိုက်တာ တွေ့ရပါတယ်။

အီရန်ရဲ့ ဒီတိုက်ခိုက်မှုမှာ အများစုကို အမေရိကန်အပြင် ဂျော်ဒန်နဲ့ ဆော်ဒီအာရေဗျ အပါအဝင် ဒေသတွင်း မဟာမိတ်တွေက ကြားဝင် ခုခံတိုက်ဖျက်ပေးခဲ့တာကြောင့် သေဆုံးမှု မရှိခဲ့သလို ပျက်စီးမှုလည်း အနည်းအကျဥ်းပဲ ရှိခဲ့တာပါ။ အခု သောကြာမနက် အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုမှာလည်း ထိခိုက် သေဆုံးမှု သတင်း မကြားရသေးပါဘူး။

အီရန်ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးကို လက်တုန့် မပြန်ဖို့ တိုက်တွန်းခဲ့ပြီး G7 က စုပေါင်းတုန့်ပြန်တာ အပါအဝင် အမေရိကန်ဟာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုထဲမှာ အီရန်ကို ဒဏ်ခတ်မှုအသစ် ချမှတ်တာနဲ့ အရှေ့အလယ်ပိုင်း ဒေသတလွှား ကြိုတင် သတိပေးချက်တွေအပြင် လေကြောင်းနဲ့ မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ်တွေ မြှင့်တင်ဖို့ ပါဝင်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောဆို ထားတာပါ။

Forum

XS
SM
MD
LG