သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလုပ်ငန်းက နိုင်ငံခြားသားတွေ ကရင်နယ်ခြားစောင့်တပ် နှင်ထုတ်


မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart facebook)
မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart facebook)

အယောင်ပြထုတ်တာပဲဖြစ်နိုင်တာပေါ့ ဘာပဲဖြစ်ဖြစ် သူတို့ထဲမှာပဲ သိမ်းထားဖွက်ထားမှာပဲလေ။ ဘယ်နည်းနဲ့မှ ပြန်လွှတ်မှာမဟုတ်ဘူး သူတို့ကဒါနဲ့ ငွေရှာတဲ့လုပ်ငန်းတွေချည်းပဲ၊ နိုင်ငံတကာက ဖိအားပေးတယ် ကျားဖြန့်အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ဖမ်းပေးဖို့ အစီစဉ်တွေလုပ်တဲ့အခါမှာပေါ့ ဒီမှာ မြ၀တီမှာ အကုန်လုံး လာပုံနေတာ။

ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ်ဒေသတဝိုက်က အွန်လိုင်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအားလုံး ၆ လအတွင်း ထွက်ခွါဖို့ ကရင်နယ်ခြားစောင့်တပ်က မေလ ၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိရောက်စွာ အရေးယူနိုင်ရေး ထိုင်း၊ တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးတာတွေ တိုးလာတဲ့နောက်မှာ အခုလို ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုလ်မြို့သစ်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ထိုင်း၊ တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးတာတွေ အရှိန်မြင့်တက်လာချိန်မှာပဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လောင်းကစားဝိုင်းတွေ ရာဇဝတ်မှုတွေကို မြေနေရာ ငှားရမ်းပေးတာ၊ ဒီလုပ်ငန်းတွေအတွက် လုံခြုံရေး ယူပေးထားတဲ့ ကရင်ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ်(BGF)က တရားမဝင်နိုင်ငံခြားသားတွေ ၆ လ အတွင်း ထွက်ခွါပေးဖို့ မြန်မာ တရုတ် အင်္ဂလိပ် (၃)ဘာသာနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွှေကုက္ကိုလ်မြို့သစ်မှာ မိသားစုဝင်တဦး အဖမ်းဆီးခံရတဲ့အတွက် မကြာသေးခင်က ငွေကြေးနဲ့ သွားရောက် ရွေးထုတ်ခဲ့ရသူတဦးက VOA ကို အခုလိုပြောပြပါတယ်။

နယ်ခြားစောင့်တပ်(BGF)က တရားမဝင်နိုင်ငံခြားသားတွေ ၆ လ အတွင်း ထွက်ခွါပေးဖို့ မြန်မာ တရုတ် အင်္ဂလိပ် (၃)ဘာသာနဲ့ ထုတ်ပြန်တဲ့ကြေငြာချက်။ (BGF Official Statement)
နယ်ခြားစောင့်တပ်(BGF)က တရားမဝင်နိုင်ငံခြားသားတွေ ၆ လ အတွင်း ထွက်ခွါပေးဖို့ မြန်မာ တရုတ် အင်္ဂလိပ် (၃)ဘာသာနဲ့ ထုတ်ပြန်တဲ့ကြေငြာချက်။ (BGF Official Statement)


" မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တရားမ၀င်နိုင်ငံခြားသားတွေ ခိုဝင်းလာတဲ့ မလေးရှားတို့ တရုတ်တို့ တရားမဝင် နိုင်ငံခြားသာတွေ ထွက်ပေးဖို့ သူ့တို့က အမိန့်ထုတ်လိုက်တာပါ။ "

နယ်ခြားစောင့်တပ်က တာဝန်ရှိသူတဦးက ကရင်သတင်းစဉ်ကို ပြောကြားချက်အရ မြ၀တီခရိုင်ထဲမှာ တရုတ် ထိုင်း နဲ့ တခြား နိုင်ငံခြားသား တသောင်းကျော်လောက် နေထိုင်နေတယ်လို့ဆိုပါတယ်။ ဒီထဲမှာ လူကုန်ကူးခံရသူတွေ လောင်ကစားကြွေးကြောင့် လိမ်လည်မှုလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေရတဲ့သူတွေလည်း ပါဝင်နေပါတယ်။ ဒီလူတွေဟာ ဘတ်ငွေ ၃ သောင်းကနေ တသိန်းခွဲထိပေးမှ အဲဒီနေရာကနေ ထွက်ခွါခွင့် ရတာဖြစ်တဲ့အတွက် အခု ထုတ်တဲ့စာဟာ ဖိအားတွေကို လျော့ကျအောင်လုပ်တာ ဖြစ်နိုင်ကြောင်း သူက ခုလို ဆက်ပြောပါတယ်။

" အယောင်ပြ ထုတ်တာပဲဖြစ်နိုင်တာပေါ့ ဘာပဲဖြစ်ဖြစ် သူတို့ထဲမှာပဲ သိမ်းထားဖွက်ထားမှာပဲလေ။ ဘယ်နည်းနဲ့မှ ပြန်လွှတ်မှာ မဟုတ်ဘူး ဒါနဲ့သူတို့က ငွေရှာတဲ့လုပ်ငန်းတွေချည်းပဲ ၊ နိုင်ငံတကာက ဖိအားပေးတယ် ကျားဖြန့်အွန်လိုင်း လိမ်လည်လုပ်ငန်းတွေကို ဖမ်းပေးဖို့ အစီစဉ်တွေ လုပ်တဲ့အခါမှာပေါ့ ဒီမှာက မြ၀တီမှာက အကုန်လုံး လာပုံနေတာ။ နယ်စပ်မှာ အရင်က အဆောက်အဦးကြီးတွေဆိုတာ မရှိဘူး။ အခုကတော့ အဆောက်အဦးတွေက နည်းတာမဟုတ်ဘူး အကြီးကြီးတွေပဲ ကိုယ်တောင် မျက်စိလည်သွားတယ်။ နိုင်ငံခြားကို ရောက်သွားသလား အောင်းမေ့ရတယ်။ "


တဘက်ကလည်း အခုလို တရားမဝင် နိုင်ငံခြားသားတွေ ထွက်ခွါဖို့ စာထုတ်သလို တဘက်ကလည်း လူသစ် စုဆောင်းတာတွေ ဆက်လုပ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ လောင်းကစားမြို့တော် ရွှေကုက္ကိုလ်မှာ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသားတွေ ရောင်းစားခံရတာတွေ ရှိနေတာပါ။

အခုဆိုရင် မြ၀တီမြို့က တိုက်ပဲွတွေဖြစ်အပြီး ရွှေကုက္ကိုလ်မြို့သစ်က လောင်းကစားလုပ်ငန်းတွေကို အကာကွယ်ပေးထားတဲ့ နယ်ခြားစောင့်တပ်က ဖိအားပေးခံရတာတွေ ရှိလာပါတယ်။ ငွေလိမ်လုပ်ငန်းတွင် အဓိက ပါဝင်သူတွေထဲမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦး ပါဝင်တယ်လို့ United States Institute of Peace (USIP) အဖွဲ့က ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူး တင်ဝင်းတို့ကတော့ ကျားဖြန့်လုပ်ငန်းအတွက် လက်ခံနေရာချပေးတာ၊ လုံခြုံရေးအကာအကွယ်ပေးထားတာတွေ တခြား အကူအညီပေးတာတွေ လုပ်ဆောင်နေပြီး မြဝတီမြို့နယ်နဲ့ ရွှေကုက္ကိုလ်မြို့က အွန်လိုင်းလိမ်လည်ဂိုဏ်း ကျားဖြန့်စင်တာတွေကို လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ USIP က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG