သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဖိလစ်ပိုင်-တရုတ် သံတမန်ရေးတင်းမာမှု အရှိန်မြင့်လာ


တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ ဖိလစ်ပိုင်သံရုံး (ယခင်ပုံဟောင်း)
တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ ဖိလစ်ပိုင်သံရုံး (ယခင်ပုံဟောင်း)

မဟုတ်မမှန် သတင်းမှားတွေ လှုံ့ဆော်တာကြောင့်လို့ဆိုပြီး တရုတ် သံတမန်တွေကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင်စီက ဒီကနေ့ တောင်းဆိုလိုက်သလို၊ တရုတ်ကလည်း ဖိလစ်ပိုင်ကို ရန်လိုတဲ့လုပ်ရပ်တွေ ရပ်ဖို့ တိုက်တွန်းပါတယ်။

တောင်တရုတ်ပင်လယ်အရေး နဲ့ ပတ်သက်လို့ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ပိုမို ဆိုးရွားလာနေချိန်မှာ တင်းမာမှုတွေ လျှော့ချဖို့ ဖုန်းနဲ့ ညှိနှိုင်းဆွေးနွေးနေတဲ့ ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ်ကြီး တဦးရဲ့ အသံဖိုင် ပေါက်ကြားခဲ့တဲ့အပေါ် ဖိလစ်ပိုင်ဘက်က မကျေမနပ်ဖြစ်ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်သံတမန်တွေကို နိုင်ငံထဲက နှင်ထုတ်ဖို့ အခုလို တောင်းဆိုလိုက်တာပါ။

တရုတ်သံရုံးရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် မကန့်ကွက်ဘဲ ဒီအတိုင်း ခွင့်ပြုပေးလိုက်တာမျိုး မဖြစ်သင့်ဘူးလို့ ဖိလစ်ပိုင် အမျိုးသား လုံခြုံရေး အကြံပေး Eduardo Ano က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအပေါ် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့ နိုင်ငံခြားရေးဌာနက တစုံတရာ တုံ့ပြန် မှတ်ချက်ပေးတာတော့ မတွေ့ရသေးပါဘူး။

မနီလာမြို့တော်မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံး အဆောက်အဦ အပြင်ဘက်မှာလည်း လောလောဆယ် အချိန်ထိကတော့ ထူးထူးခြားခြား အခြေအနေ ဘာမှ မတွေ့ရသေးပါဘူး။ မနီလာမြို့တော်မှာ တရုတ်သံရုံးလည်း ရှိပေမဲ့၊ ကောင်စစ်ဝန် လုပ်ငန်းတွေကိုတော့ သီးခြား နောက်ထပ် နေရာတခုမှာ ရုံးခန်းဖွင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကတော့ ဖိလစ်ပိုင်အနေနဲ့ ရန်လိုတဲ့ လုပ်ရပ်တွေ ရပ်ပြီး တရုတ် သံတမန်တွေကို ပုံမှန်အတိုင်း တာဝန်တွေ ထမ်းဆောင်ခွင့် ပြုထားဖို့ ဒီကနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG