သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအပူချိန်လွန်ကဲမှု လူတွေဖန်တီးတဲ့ ဥတုရာသီပြောင်းလဲမှုကြောင့်ဖြစ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပူဒဏ်အောက်အလုပ်လုပ်နေတဲ့ အနှေးယာဉ်မောင်းတဦး (ဧပြီ ၂၉၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပူဒဏ်အောက်အလုပ်လုပ်နေတဲ့ အနှေးယာဉ်မောင်းတဦး (ဧပြီ ၂၉၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် အာရှတလွှား ပြီးခဲ့တဲ့ လက အပူချိန် လွန်ကဲပြီး ရာသီဥတုဒဏ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတာဟာ လူတွေကိုယ်တိုင် ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုရာသီပြောင်းလဲမှုရဲ့ အကျိုးဆက် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဧပြီလအတွင်း မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အပူဆုံး ရာသီဥတုဒဏ်ခံခဲ့ရပြီး အိန္ဒိယနိုင်ငံမှာလည်း အပူချိန် ၄၅ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် ၁၁၄ ဒီဂရီ ဖာရင်ဟိုက်အထိ ရောက်ခဲ့ပါတယ်။

ကျောင်းတွေ ပိတ်ခဲ့ရသလို၊ အပူဒဏ်ကြောင့် ဖျားနာပြီး လူတွေ ရာနဲ့ချီသေဆုံးခဲ့ရတာကို World Weather Attribution Group ရာသီဥတု အခြေအနေ တွက်ချက် စောင့်ကြည့်ရေး အဖွဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကျောင်းတွေ ပိတ်ခဲ့ရပြီး ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရသလို လျှစ်စစ်ဓါတ်အားကို အလှည့်ကျပေးခဲ့ရပါတယ်။

အပူလှိုင်းတွေ ကြုံရတာဟာ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ ရေနံ၊ ဓါတ်ငွေ့၊ ကျောက်မီးသွေးကနေ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှင့်မှုတွေကြောင့် လူအများအပြား သေဆုံးရတဲ့အကြောင်း အစီရင်ခံစာ ရေးသားသူ တဦးဖြစ်တဲ့ Grantham တက္ကသိုလ်က အကြီးတန်း သုတေသီ Friederike Otto က ပြောပါတယ်။

အာရှနိုင်ငံတွေက အစိုးရတွေအနေနဲ့ အပူချိန် မြင့်တက်လာတာတွေကို ကြံ့ကြံ့ခံနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့နဲ့ ကျန်းမာရေးအရ အန္တရာယ်ရင်ဆိုင်ရနိုင်ခြေတွေကို လျှော့ချနိုင်အောင်ပြင်ဆင်ဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

ဆင်းရဲနွမ်းပါးပြီး ဘေးဒုက္ခ ပိုကြုံရနိုင်တဲ့သူတွေအတွက် ပိုပြီး ပြင်ဆင်ထားဖို့ လိုမယ့်အကြောင်း သတိပေးထားပါတယ်။ အခုဒီလို နှုန်းထားအတိုင်း အပူချိန် ဆက်ပြီး ပြင်းထန်လာမယ်ဆိုရင် ရင်ဆိုင်မယ့် အစီအစဉ်တွေ ချမှတ်ဖို့နဲ့ လက်ရှိအစီအစဉ်တွေကို ပိုပြီး ထိရောက်အောင် ပြင်ဆင်ထားဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG