သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် ဒဏ်ခတ်မှုတွေဟာ ပြဿနာကို ပြေလည်မှာ မဟုတ်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယုံကြည်


တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကျန်ရိချီ (jang Yiechi) ကပြဿနာကို အဖြေရှာ ဖြေရှင်းပေးမှာ မဟုတ်တဲ့အကြောင်း၊ ဒီလုပ်ရပ်တွေက မြန်မာပြည်သူတွေအတွက် ဆုံးရှုံးမှုတွေသာရရှိစေမှာ ဖြစ်တဲ့အကြောင်း တရုတ်ပြည်က ယုံကြည်ထားတယ်လို့ ပြောကြားသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ မက် ဖာမနာ (Mark Farmaner)ကို ဦးကျော်ဇော်ညွန့်က မေးမြန်းတဲ့အခါမှာ သူက

“တရုတ်ပြည်က အခုလိုမျိုးပြောဆိုလာမယ်ကို ကျွန်တော်တို့မျှော်လင့်ထားတာပါပဲ။ ဒီအတိုင်းပဲ အတိအကျဖြစ်လာတာပါ။”

ဒါဖြင့်ရင် တရုတ်ပြည်က အခုလို ပြောဆိုလာမယ်ဆိုတာကို ဘာကြောင့်များ ခန့်မှန်းနိုင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ

“အခုမြင်ရတာကတော့ တရုတ်ပြည်ပေါ်မှာ အာရုံစူးစိုက်မှုတွေက လျော့နည်းသွားပြီး ဖြစ်တဲ့အတွက် သူဟာ မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ သဘောထားကို အရင်ကအတိုင်း ပြန်ပြောင်းသွားခြင်းပဲဖြစ် ပါတယ်။ သံဃာတော်များ အရေးအခင်းတုန်းက တရုတ်ပြည်ဟာ မြန်မာ့အရေးမှာ ပါဝင်ဖိအား ပေးနိုင် တယ်ဆိုတဲ့အခန်းဏ္ဍကို အများက အလေးပေးပြောကြားခဲ့တဲ့ အတွက်လည်း တရုတ်ပြည် ဟာ အများကြီး မျက်နှာပျက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရကို သူတို့အနေနဲ့ ဘယ်လိုအကူအညီ ပေးခဲ့တယ်ဆိုတာကိုလည်း အများကပြောဆိုလာကြလို့ တရုတ်နိုင်ငံဟာ မျက်နှာပျက်၊ မျက်နှာပူခဲ့ ရပါတယ်။ ဒါကြောင့်မို့လို့ တရုတ်ပြည်ဟာ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက်ကို ထောက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ ပြောင်းလဲလာတဲ့ အခြေအနေပေါ် မူတည်ပြီး တရုတ်ပြည်ဟာ အခွင့်ကောင်းယူပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံ သတင်းဟာ နိုင်ငံတကားသတင်းတွေရဲ့ ထိပ်တန်းကမပါဝင်တော့တဲ့အတွက် တရုတ်ပြည်ဟာ အရင်တုန်းက ထားရှိတဲ့ အရှိန်ကို လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံပေါ် ဒဏ်ခတ် ပိတ်ဆို့ရေး၊ ဖိအားပေးရေး၊ အရေးယူမှုတွေကို ဆန့်ကျင်တဲ့ သူ့ရဲ့နဂိုမူလ မူရင်းဝါဒဆီကိုပဲ ပြန်သွားနေခြင်းဖြစ်တယ်”

Burma Campaign UKအနေနဲ့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်မယ့်လုပ်ငန်းစဉ်ကိုလည်း ပြောပြပါတယ်။

“ဒါကြောင့်ကျွန်တော်တို့အနေနဲ့တရုတ်ပြည်အပေါ်မှာ ပိုမိုဖိအားပေးရတော့မယ်လို့ ကျွန်တော် မြင်ပါတယ်။ တရုတ်ပြည်က လုပ်ကိုင်နေတဲ့ အခန်းကဏ္ဍတွေကို ကမ္ဘာကသိအောင် မီးမောင်း ထိုးပြ ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဘေဂျင်းအိုလံပစ်နဲ့ယှဉ်ပြီး မြန်မာနိုင်ငံအပေါ်မှာ တရုတ်ပြည်ရဲ့ ထားရှိတဲ့ သဘောထားတွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအရေးမှာ တရုတ်ပြည်ပါဝင်နေတဲ့အခန်းကဏ္ဍကြောင့် အီးယူနဲ့ တရုတ်ပြည်တို့ ဆက်ဆံရေးမှာ ဘယ်လိုရိုက်ခတ်မှု ရှိနိုင်ပါသလဲလို့ မစ္စတာ ဖာမနာကို မေးမြန်းကြည့်ပါတယ်။

“ဒါဟာတရုတ်ဥရောပဆက်ဆံရေး၊ တရုတ်အာစီယံဆက်ဆံရေးတို့မှာ တက်နေတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကိုဆက်ပြီးလည်း စေ့စပ်ဆွေးနွေးကြရအုန်းမှာဖြစ်ပါတယ်။”

မြန်မာ့အရေးမှာ မြန်မာစစ်အစိုးရရဲ့ တရုတ်ပြည်ပေါ်မှာ ထားရှိတဲ့သဘောထားကို မေးမြန်းကြည့် ပါတယ်။

“ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒင် ဘရောင်း Gordon Brown တရုတ်ပြည်ကို ရှေ့လာမယ့် နှစ်ဆန်းမှာ သွားရောက်ဖို့ ရှိပါတယ်။ သူရောက်ရှိတဲ့အခါ တရုတ်ခေါင်းဆောင်တွေနဲ့ဆွေးနွေးတဲ့အခါမှာတော့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် သူဟာ တရုတ်အစိုးရကို ဒီထက်ပိုပြီး ထောက်ခံအားပေးဖို့ တိုက်တွန်းပြောကြားလိမ့်မယ်ဆိုတာကတော့ ကျွန်တော်တို့အတွက်သေခြာပါတယ်။”

XS
SM
MD
LG