သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးတိုးတက်မှုနှင့်အတူ နိုင်ငံတကာ ငွေကြေး ထောက်ပံ့မှုများ ဗီယက်နမ် ပိုမိုရရှိ


ဗီယက်နမ်မှာ ၂၀၀၈ ခုနှစ်အတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ သန်း ၄,၅၀၀ ရပါတော့မယ်၊ အဲဒါက ဒီနှစ်ရတာထက်စာရင်း သန်းတစ်ထောင် ပိုပါတယ်။ ဗီယက်နမ်ရဲ့စီးပွားရေးက အရှိန်မြန်ုမြန် တိုးတက်နေတယ်ဆိုပေမယ့် နိုင်ငံရဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေးနဲ့ တခြားလုပ်ငန်းတွေအတွက် ငွေလိုအပ်တယ်လို့ အလှူရှင်နိုင်ငံတွေက ပြောကြပါတယ်။ ဒီအကြောင်းကို ဟနွိုင်းမြို့ကနေ သတင်းထောက် Matt Steinglass သတင်းပေးပို့ထားတာကို ဒေါ်အေးသန္တာကျော်က တင်ပြထားပါတယ်။

ဒီလိုမျိုး ဗီယက်နန်နိုင်ငံအတွက် နိုင်ငံတကာကပေးမယ့် ထောက်ပံ့ကြေး ပမာဏကို ဗီယက်နန်အစီအစဉ် ချမှတ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဗူ ဟွန် ဖု (Vu Hong Phuc) က နိုင်ငံတကာအလှူရှင်တွေရဲ့ နှစ်လည်အစည်းအဝေးမှာ ကြေညာသွားတာပါ။

“၂၀၀၇ ခုနှစ်အတွက် ပေးအပ်တဲ့ ပမာဏထက် ၂၀% လောက် ပိုပြီးတော့ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ သန်းပေါင်း ၅,၄၀၀ ပေးအပ်ဖို့ အလှူရှင်နိုင်ငံတွေက ကတိပြုသွားတယ်၊” - လို့ မစ္စတာ ဖု က ပြောသွားပါတယ်။

ဒီငွေတွေထဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ဒေါ်လာ သန်း ၁,၃၅၀ ကမ္ဘာ့ဘဏ်နဲ့ ဂျပန်နိုင်ငံတို့ကနေ သန်း တစ်ထောင့်တစ်ရာစီ ပေးအပ်ကြမှာပါ။ ဗီယက်နန်နိုင်ငံရဲ့ စီးပွားရေးဟာ တစ်နှစ်ကို ၈%ကျော်နှုန်းနဲ့ ကြီးထွားနေတာဖြစ်ပေမယ့် ဒါကြောင့်လည်း နိုင်ငံတကာရဲ့ အကူအညီလိုရတာလို့ အလှူရှင်နိုင်ငံတွေက ပြောပါတယ်။ အခု အသစ်ပေးအပ်မယ့် အလှူငွေတွေထဲက အများစုက ဗီယက်နန်နိုင်ငံရဲ့ ထွက်ကုန်ဦးစားပေးလုပ်ငန်းရပ်တွေအတွက် လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေ ဆိပ်ကမ်းတွေ လမ်းတံတားတွေ၊ တိုးတက်ကောင်းမွန်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ငွေကြေးကို ပြည်ပ စီးပွားရေးလုပ်ငန်းတွေကနေပြီးတော့ ရှာလို့မရပါဘူး၊ အစိုးရရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လိုအပ်ပါတယ်လို့ အာရှဖွံြ့ဖိုးရေးဘဏ်ရဲ့ ဗီယက်နန်နိုင်ငံ ဆိုင်ရာ အကြီးအကဲ အရူမီ ခိုနိရှီ (Ayumi Konishii) က ပြောပါတယ်။

“နိုင်ငံရဲ့အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်ပိုင်စီးပွားရေး ကဏ္ဍတွေက ဘယ်ဖက် အထောက်အကူပေးနိုင်လဲကြည့်ရင် အထောက်အပံ့ သိပ်မဖြစ်တာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အစိုးရရဲ့ ထောက်ပံ့မှု နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေး ထောက်ပံ့မှုတွေ လိုအပ်ပါတယ်။”

ဒီလို နိုင်ငံတကာက ပေးအပ်တဲ့ အထောက်အပံ့နဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်ရာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဗီယက်နန်နိုင်ငံက ရာထားချက် အပြည့်မီနိုင်ဆုံးပဲမို့ ငွေကြေးအကူအညီပေးရတဲ့နိုင်ငံတွေက ကျေနပ်အားရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဗီယက်နန်ဆိုင်ရာ ကိုယ်စားလှယ် အယေး ချီဘား (Ajay Chhibber) က ပြောပါတယ်။

“မနှစ်ကထက် ငွေ ၂၀% ပိုပေးအပ်မယ်ဆိုတော့ ဗီယက်နန် အစိုးရအနေနဲ့ သူတို့ နိုင်ငံကို ရှေ့ဆက်တိုးတက်အောင် ဘယ်လို လုပ်ဆောင်နေတယ်ဆိုတဲ့ အစီအစဉ်တွေကို နိုင်ငံတကာက ဘယ်လောက်အထိ ထောက်ပံ့ပေးမလဲဆိုတာ ဒီမှာ သေသေချာချာ တွေ့နိုင်ပါတယ်။”

ဗီယက်နန်အတွက် ဥရောပနိုင်ငံတွေက ဒေါ်လာသန်း ၉၆၀ ပေးအပ်မှာဖြစ်ပြီးတော့ အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်လာ ၁၁၄ သန်း ပေးအပ်မှာပါ။ ဒါပေမယ့် သူတို့က အလှူရှင် အာရှနိုင်ငံတွေထက် ပိုပြီးတော့ တင်းကြပ်တဲ့တောင်းဆိုမှုတွေကို လုပ်ဆောင်ထားပါတယ်။ ဗီယက်နန်နိုင်ငံမှာ အဂတိလိုက်စားမှုကို ပိုပြီးတော့ တိုက်ဖျက်ကြဖို့၊ နိုင်ငံသားတွေအတွက် နိုင်ငံရေးလွတ်လပ်ခွင့် ပိုပြီးတော့ ပေးထားဖို့ဆိုတာကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က တောင်းဆိုပါတယ်။ ဗီယက်နန်မှာ ကိုယ်ပိုင်ယုံကြည်မှုတွေ၊ ထင်မြင်ချက်တွေ ငြိမ်းငြိမ်းချမ်းချမ်း ဖော်ပြလို့ အကျဉ်းကျ ဖမ်းဆီးခံရတဲ့နိုင်ငံသားတွေ အများကြီး ရှိတယ်လို့ ဒီအစည်းအဝေးမှာ ထုတ်ပြန်တဲ့ ဥရောပသမဂ္ဂရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဗီယက်နန်ရဲ့ စီမံကိန်းဝန်ကြီး မစ္စတာ ဖု က လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ပြောကြားတာမျိုး မလုပ်ပေမယ့် အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့ ပြောဆိုသွားတာတွေ ရှိပါတယ်။

“အဂတိလိုက်စားမှု ပြဿနာကို ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများ တွေ့ကြုံနေရတာပါ၊ ဗီယက်နန်နိုင်ငံတစ်ခုတည်းမှ မဟုတ်ပါဘူး။ ဒါပေမယ့် ဗီယက်နန်ကတော့ ဒီပြဿနာကို တိုက်ဖျက်ဖို့ သံန္နိဌာန် ချထားပါတယ်၊” - လို့ မစ္စတာ ဖု က ပြောသွားပါတယ်။

ဒီနှစ်အစောပိုင်းကပဲ ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ လုပ်ကိုင်နေတဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက အဖွဲ့ခွဲတစ်ခု အဂတိလိုက်စားမှုပြဿနာမျိုး နောက်တစ်ခါ ထပ်မဖြစ်ရအောင်လို့ တားဆီးနိုင်ဖို့ ဗီယက်နန်အစိုးရက မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG