သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေကြောင်းနှင့် ပုဂံလေကြောင်း ပြည်ပခရီးစဉ်တွေ ပြန်လည်စတင်ရန် ပြင်ဆင်


MAI မြန်မာ့လေကြောင်းဟာ နှစ်လကျော်
ရပ်ဆိုင်းခဲ့ရတဲ့ ခရီးစဉ်တွေကို ပြန်လည်စတင်ပြီး
ဇန်နဝါရီလအတွင်း ဘန်ကောက်၊ စင်္ကာပူ၊
ကွာလာလမ်ပူ ခရီးစဉ်တွေကို ပြန်လည် စတင် တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း သံဃာတော်တွေနဲ့ လူထုရဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့တဲ့
အောက်တိုဘာလအတွင်းမှာ မြန်မာ့
လေကြောင်း လေယာဉ်တွေကို ရပ်နားခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် လန်ဒန်
အခြေစိုက် လေကြောင်းအာမခံကုမ္ပဏီက မြန်မာ့လေကြောင်းပိုင်လေယာဉ်တွေရဲ့
အာမခံကို ရုပ်သိမ်းခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေကို ရုပ်သိမ်းခဲ့ရတာလို့လည်း
ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် လျော့နည်းသွားတာ
ကြောင့်ရော နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့်ရော ခရီးစဉ်တချို့ကို ဖျက်သိမ်းခဲ့ရ
တာလို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက ပုဂ္ဂလိကပိုင်လေကြောင်းဖြစ်တဲ့ Air Bagan
လေကြောင်းဟာ တောင်ကိုရီးယားနိုင်ငံကို တိုးချဲ့ပျံသန်းမယ်လို့ ပုဂံလေကြောင်းက
ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကြောင့် ပြီးခဲ့တဲ့
နိုဝင်ဘာလအတွင်းကပဲ ပုဂံလေကြောင်းလိုင်းဟာ စင်္ကာပူနဲ့ ပျံသန်းတဲ့ခရီးစဉ်တွေကို ရုပ်သိမ်းခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG