သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရွေးကောက်ပွဲ အတိုက်အခံ အနိုင်ရ


ထိုင်ဝမ်နိုင်ငံမှာ အဓိက အတိုက်အခံပါတီဖြစ်
တဲ့ KMT ကူမင်တန် ခေါ် အမျိုးသားဝါဒီပါတီ
က စနေနေ့က ကျင်းပတဲ့ ပဒေပြုလွှတ်တော်
ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရ လိုက်ပါတယ်။ ထိုင်ဝမ် မဲဆန္ဒရှင်ပြည်သူတွေ
ဟာ လက်ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ လုပ် ဆောင်ချက်တွေကို မကျေနပ်တဲ့အကြောင်းနဲ့
ဒီလို အနိုင်ရလိုက်တဲ့အတွက် လာမယ့် သမ္မတ ရွေးကောက်ပွဲမှာလည်း အတိုက်အခံတွေကပဲ အနိုင်ရနိုင်တယ်လို့ အချက်ပြလိုက်တာဆိုပြီး
လေ့လာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ တိုင်ပေကနေ Andrew Ryan သတင်း
ပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါ တယ်။

လွှတ်တော် ဥပဒေပြုအမတ်နေရာ ၈၁ နေရာကို အတိုက်အခံပါတီက အနိုင်ရလိုက်တဲ့
အတွက် စနေနေ့ညက ကေအမ်မ်တီ ပါတီဌာနချုပ်မှာ လူတွေ ပျော်ရွှင်ပြီး အောင်ပွဲ
အတွက် ဂုဏ်ယူနေကြပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ ဒီမိုကရက်တစ် တိုးတက်ရေး
ပါတီ DPP ပါတီက လွှတ်တော်အမတ်နေရာ ၂၇ နေရာကို အနိုင်ရလိုက်ပါတယ်။
ကျန်တဲ့ အမတ်နေရာ ငါးနေရာကိုတော့ အခြား နိုင်ငံရေးပါတီတွေက အနိုင်ရလိုက်ပါ
တယ်။ အဲဒီ အနိုင်ရလိုက်တဲ့ ပါတီတွေကလည်း အတိုက်အခံ ကေအမ်မ်တီပါတီရဲ့
မဟာမိတ်အဖွဲ့တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

ဒီလို အနိုင်ရလိုက်တဲ့အတွက် ကေအမ်မ်တီပါတီဟာ လွှတ်တော်အမတ်နေရာ ၁၁၃
နေရာမှာ သုံးပုံနှစ်ပုံကျော်ကို အနိုင်ရ လိုက်တာဖြစ်ပါတယ်။

ကေအမ်မ်တီပါတီကနေ သမ္မတလောင်းအဖြစ် တင်သွင်းမယ့် မန် ယင်န်ဂျီယို
(Ma Ying-jeou) ကတော့ စနေနေ့ညက မိန့်ခွန်းပြောခဲ့ပါတယ်။

အခုလို အနိုင်ရလိုက်တာဟာ ပါတီအနေနဲ့ တာဝန်တွေယူရတော့မယ်ဆိုတဲ့ အစပျိုး ခြေလှမ်းတစ်ရပ်လို့ မန်ယင်န် ဂျီယိုက ပြောပါတယ်။ အနိုင်ရလိုက်တဲ့အတွက် အပျော်
လွန်ပြီး ကိုယ့်ကိုယ်ကိုယ် နထင်သွေးရောက်ရမယ့်အချိန် မဟုတ်ပါဘူးလို့ ပြောပါတယ်။

အာဏာရ ဒီပီပီ ပါတီ ဌာနချုပ်မှာတော့ သမ္မတ ချန်ရွှီးဗြန် (Chen Shui-Bian) ကလည်း
ပါတီ ဥက္ကဋ္ဌအဖြစ်က နုတ်ထွက် သွားပြီး ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် ရှုံးနိမ့် လိုက်တဲ့အတွက် လူတွေ စိတ်နှလုံး မသာမယာဖြစ်နေကြပါတယ်။

ပါတီအနေနဲ့ တခါမှ မကြုံဘူးတဲ့ ရှုံးနိမ့်တာတွေ ရင်ဆိုင်လိုက်ရပြီးတဲ့နောက်မှာ သူ့
အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သုံးသပ်ရပါလိမ့်ဦးမယ်လို့ သမ္မတ Chen Shui-Bian ပြောဆိုသွားပါတယ်။ သူ့အနေနဲ့ ပါတီဥက္ကဋ္ဌအဖြစ်က ချက်ခြင်းပဲ နုတ်ထွက်လိုက်ပါပြီလို့ ကြေညာသွားပါတယ်။

လေ့လာသူတွေကတော့ အခုလို ဒီပီပီ ပါတီ ရှုံးနိမ့်လိုက်တာဟာ မတ်လ ကျင်းပမယ့်
သမ္မတ ရွေးကောက်ပွဲမှာ ဒီပီပီ အနေနဲ့ အကြိတ်အနယ်ရင်ဆိုင်ရမယ့် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ထိုင်ဝမ် အမျိုးသားတက္ကသိုလ်က ဖိလစ်ပ်ယန်း (Philip Yang) ကတော့ စနေနေ့ ကျင်းပ
မယ့် ရွေးကောက်ပွဲဟာ သမ္မတ ရွေးကောက်ပွဲအပေါ် အကြီးအကျယ် သက်ရောက်မှုရှိ
မယ်လို့ ပြောပါတယ်။

“အတိုက်အခံ ကေအမ်မ်တီ ပါတီက လွှတ်တော်ကိုယ်စားလှယ် ဘယ်နှစ်နေရာ ရတယ် ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သုံးပုံနှစ်ပုံလောက်ရဖို့ နီးကပ်နေပြီဆိုရင် တုံ့ပြန်မှု
ကွင်းဆက်တွေ ကြုံလာရမယ်ဆိုတာကို ကျနော့်အနေနဲ့ ယုံကြည်ပါ တယ်။”လို့ ဖိလစ်ပ်
ယန်းက ပြောပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်နောက်တမျိုးကတော့ စနေနေ့ ရွေးကောက်ပွဲမှာ ကေအမ်မ်တီပါတီ အနိုင်ရလိုက်တာက သမ္မတရွေးကောက်ပွဲမှာလည်း နိုင်မယ်ဆိုတာပါပဲ။

တကယ်လို့ လက်ရှိအုပ်ချုပ်နေတဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက သမ္မတ
ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုရင်တောင် ဥပဒေပြုရေးမှာ လွန်ဆန်ဖို့ခက်ခဲတဲ့ အဟန့်အတားတွေ ရှိလာနိုင်ပါတယ်။ အတိုက်အခံ ကေအမ်မ်တီက ဥပဒေပြုအမတ်
နေရာတွေကို အနိုင်ရတယ်ဆိုတာက ဥပဒေမူကြမ်းတွေကို ကေအမ်မ်တီပါတီက ဗီတိုနဲ့ ပယ်ဖျက်နိုင်တာမျိုး၊ သမ္မတကိုတောင် ပြန်ပြီး တာဝန် ရုပ်သိမ်းတာမျိုးအထိတောင် လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG