သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ရင် လက်စားချေမယ်လို့ အီရန် သတိပေး


အီရန်နိုင်ငံက သူ့နိုင်ငံအပေါ် ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက နောက်ထပ် အရေးယူမှုတွေ လုပ်လာမယ်ဆိုရင် အီရန်ဘက်က လက်စားချေ လက်တုံ့ပြန်မယ်လို့ အီရန်သမ္မတ မာမွတ် အမာဒင်နီဂျက် က ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

သူ့နိုင်ငံအပေါ် အရေးယူတဲ့ ဘယ်လိုနိုင်ငံမျိုးကိုမဆို လက်စားချေသွားမယ်ဆိုပြီး အီရန်သမ္မတ မာမွတ် အမာဒင်နီဂျက် က စနေနေ့က ရုပ်မြင်သံကြားကနေ ခြိမ်းခြောက် သတိပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို လက်စားချေမယ် ဆိုတာကိုတော့ သူက ပြောဆိုခဲ့တာမရှိပါဘူး။

တဟီရန်ဟာ သူ့ရဲ့ အနုမြူလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်တွေကို ဖော်ပြရာမှာ တိုးတက်မှုတွေ ရှိလာခဲ့တယ်ဆိုတဲ့ IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာကို အီရန် သမ္မတက ထောက်ပြပြောဆိုပါတယ်။

ဒါပေမယ့် အစီရင်ခံစာက အီရန်နိုင်ငံဟာ ယူရေနီယံ သန့်စင်မှုကို ရပ်ဆိုင်းဖို့ ငြင်းဆိုခဲ့တယ် ဆိုတာကိုလည်း ဖော်ပြထားပါတယ်။ သန့်စင်ထားတဲ့ ယူရေနီယံကနေ နျူကလီးယား လက်နက်တွေကို ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။

ဒီသီတင်းပတ်အစောပိုင်းတုန်းက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက အီရန်ဟာ ယူရေနီယံ သန့်စင်မှုတွေကို ရပ်ဆိုင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အီရန်အပေါ် တတိယအကြော့ အရေးယူ ပိတ်ဆို့မှုတွေ ပြဋ္ဌာန်းဖို့ အဆိုတစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG